ylliX - Online Advertising Network
ထိုင်း-မြန်မာနယ်စပ်မှာ ပျောက်ဆုံးနေတဲ့ တရုတ်နိုင်ငံသားမော်ဒယ် ပြန်လည် တွေ့ရှိ

ထိုင်း-မြန်မာနယ်စပ်မှာ ပျောက်ဆုံးနေတဲ့ တရုတ်နိုင်ငံသားမော်ဒယ် ပြန်လည် တွေ့ရှိ


၁၇.၁. ၂၀၂၅
Translated by Nay Moe

ထိုင်း-မြန်မာနယ်စပ်အနီးမှာ ပျောက်ဆုံးနေတဲ့ အသက် ၂၅ နှစ်အရွယ် တရုတ်မော်ဒယ် Yang Zeqi ဟာ တရုတ်နိုင်ငံကို ပြန်လည်ရောက်ရှိသွားပြီဖြစ်တယ်လို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးရေးအရာရှိချုပ် ရဲဗိုလ်ချုပ်ကြီး သက်ချိုင်း ပီတာနီလာဘတ်က အတည်ပြုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်မှာ တရုတ်သရုပ်ဆောင် Xingxing ပျောက်ဆုံးခဲ့ပြီး ဇန်နဝါရီ ၇ ရက်ကြမှ မြန်မာနိုင်ငံဘက်ခြမ်း မြဝတီမြို့အနီးက ရွှေကုက္ကိုလ်က ကျားဖြန့်ဂိုဏ်းတစ်ခုဆီက ပြန်လည်တွေ့ရှိခဲ့ရတဲ့ဖြစ်စဥ်အပြီး Xingxing လိုပဲ အခြားတရုတ်မော်ဒယ်တစ်ဦးဖြစ်သူ Yang Zeqi ဟာ ပျောက်ဆုံးနေတယ်လို့ ထိုင်းသတင်းဌာနတွေက ဆက်လက် ဖော်ပြခဲ့တာပါ။ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ စစ်ဆေးရေးအရာရှိချုပ် ရဲဗိုလ်ချုပ်ကြီး သက်ချိုင်း ပီတာနီလာဘတ်က ပျောက်ဆုံးနေတဲ့ အသက် ၂၅ နှစ်အရွယ် တရုတ်မော်ဒယ် Yang Zeqi ဟာ Xingxing ထက်အရင် ပျောက်ဆုံးနေတာဖြစ်ပြီး မိသားစုဘက်က ဇန်နဝါရီ ၈ ရက်ကြမှ တိုင်ကြားချက်အရ ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့လည်း တိုင်ကြားမှု လက်ခံရရှိစဥ်က ပြောခဲ့ပါတယ်။

Yang ဟာလည်း Xingxing နဲ့ ဖြစ်စဥ်တူပြီး ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့ စမ်းသပ်မှုအောင်မြင်ပြီးဖြစ်ကြောင်း WeChat မက်ဆေ့ခ်ျကို လက်ခံရရှိခဲ့အပြီးမှာ သူဟာ ထိုင်းနိုင်ငံဆီ လေယာဉ်အမှတ် VZ3719 နဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် နံနက် ၁ နာရီ ၅၆ မိနစ်မှာ ပေကျင်းမြို့ ဒါဇင်းလေဆိပ်က ထွက်ခွာလာခဲ့သလို ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ကို ဒေသစံတော်ချိန် နံနက် ၆ နာရီ ၁၆ မိနစ်တွင် ရောက်ရှိခဲ့တာပါ။ လေဆိပ်က ထွက်ခွာပြီးနောက် ပေကျင်းစံတော်ချိန် မွန်းလွဲ ၂ နာရီ ၅၉ မိနစ်မှာ ထိုင်း-မြန်မာနယ်စပ်အနီးရောက်ရှိချိန် ထုတ်လုပ်ရေးအဖွဲ့က စီစဥ်ပေးထားတဲ့ အခြားယာဉ်တစ်စီးကို ပြောင်းရွှေ့လိုက်ပါသွားခဲ့တာပါ။

ဒီဇင်ဘာ ၂၁ ရက်မှာ Yang ဟာ သူငယ်ချင်းတစ်ဦးထံ မြန်မာနိုင်ငံဘက် ရောက်တော့မှာဖြစ်ကြောင်း ဝမ်းနည်းကြေကွဲစွာ မက်ဆေ့ချ်ပို့အပြီး အဆက်အသွယ်ပြတ်တောက်သွားခဲ့တာပါ။ အဲဒီနောက် ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ သူဘေးကင်းကြောင်းကို သူ့မိခင်ထံ ဗီဒီယိုကောလ် ခေါ်ဆိုမှုတစ်ခု ပြုလုပ်ခဲ့ရာမှာ ဗီဒီယိုထဲမှာ သူက အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး မျက်လုံးအနီးမှာ မြင်နိုင်တဲ့ ဒဏ်ရာတွေ ရှိနေပါတယ်။ အဲဒီနောက်မှာတော့ သူ့ဖုန်းက ပိတ်သွားခဲ့ပြီး အဲဒီကတည်းက အဆက်အသွယ်ထပ်မရတော့တာပါ။

Yang ထံက ဗီဒီယိုကောလ်နဲ့ မက်ဆေ့ချ်ကို လက်ခံရရှိပြီးနောက်မှာ Yang ရဲ့ မိဘဆွေမျိုးတွေက ဒီအမှုကို တရုတ်ရဲတပ်ဖွဲ့ထံ ဇန်နဝါရီ ၈ ရက်မှာ တိုင်ကြားခဲ့သလို ထိုင်းနဲ့ မြန်မာနိုင်ငံက တရုတ်သံရုံးတွေဆီ ဆက်သွယ်အကူအညီတောင်းခံခဲ့အပြီး ဒီနေ့မှာတော့ ထိုင်းအာဏာပိုင်တွေက Yang Zeqi ကို အမိနိုင်ငံဆီ ပြန်ပို့ပေးနိုင်ခဲ့ပြီလို့ အတည်ပြုလာတာပါ။

Yang Zeqi ကို ကယ်တင်နိုင်ခဲ့ပြီး အမနိုင်ငံဆီ ပြန်ပို့လိုက်နိုင်ပြီဆိုတာကို ထိုင်းနိုင်ငံဆိုင်ရာတရုတ်သံရုံးကလည်း အတည်ပြုပေးပေမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်မှု မရှိသေးပါဘူး။



Source link

Leave a Reply

Your email address will not be published. Required fields are marked *