ylliX - Online Advertising Network

မြန်မာအနုပညာဗဟိုဌာန(ရန်ကုန်) အဆောက်အအုံ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက လွှဲပြောင်းလက်ခံ – MyanmarNationalPost


ရန်ကုန် ဇန်နဝါရီ ၁၇ 

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်းရပ်ကွက် ရှိ မြန်မာအနုပညာဗဟိုဌာန (ရန်ကုန်)အဆောက်အအုံ (Steel Structure Skeleton Building) iGreen Construction Co., Ltd ထံမှ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက လွှဲပြောင်းလက်ခံ ယူသည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ဒဂုံမြို့နယ် မြို့မကျောင်း လမ်းရှိ အမျိုးသား ဇာတ်ရုံ (ရန်ကုန်)၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာ အနုပညာဗဟိုဌာန (Myanmar Art Center-Yangon) အဆောက်အအုံ Steel Structure Skeleton Building လက်ခံရေးအဖွဲ့ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ အတွင်းရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ iGreen Construction Co.,Ltd ဒါရိုက်တာနှင့် အဖွဲ့ဝင်များ၊ မြန်မာအနုပညာ ဗဟိုဌာန အဆောက်အအုံလက်ခံရေး အဖွဲ့ ဝင်များ တက်ရောက်ကြသည်။ အခမ်းအနားတွင် ဒုတိယ ဝန်ကြီးက ယခုအခါ Steel Structure Skeleton Building သာ ပြီးစီးခဲ့သည့် မြန်မာအနုပညာ ဗဟိုဌာန (ရန်ကုန်)အဆောက် အအုံကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပြီးစီး အောင် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်မည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ အနုပညာရပ်များအတွက် အဖိုး မဖြတ်နိုင်သည့် နိုင်ငံတကာ အဆင့်မီအနုပညာ ဗဟိုဌာန ပေါ်ထွန်းနိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် ပြောကြား သည်။

ထို့နောက် အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာ အနုပညာဗဟိုဌာန (ရန်ကုန်) အဆောက်အအုံနှင့် စပ်လျဉ်း ၍လည်းကောင်း၊ iGreen Construction Co.,Ltd ဒါရိုက်တာ က အဆောက်အအုံလွှဲပြောင်း ခြင်းနှင့်စပ်လျဉ်း၍လည်းကောင်းရှင်းလင်းတင်ပြကြသည်။

ယင်းနောက် မြန်မာအနုပညာ ဗဟိုဌာန အဆောက်အအုံ (Steel Structure Skeleton Building) ကို သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနက လွှဲပြောင်းလက်ခံသည့် မှတ်တမ်းစာအုပ်တွင် တာဝန်ရှိသူများက လက်မှတ်ရေးထိုးကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ စသည့် အနုပညာဆိုင်ရာလုပ်ငန်း များဆောင်ရွက်နိုင်မည့် နိုင်ငံတကာ အဆင့်မီ အနုပညာဗဟိုဌာနကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန် မြို့နယ် အရှေ့ကြို့ကုန်းရပ်ကွက် ရှိ မြေဧရိယာ ၈ ဒသမ ၄၁ ဧက آنیo iGreen Construction Co., Ltd က ၂၀၁၆ ခုနှစ် မတ် ၂၈ ရက်တွင် စာချုပ်ချုပ်ဆို၍ စတင် တည်ဆောက်ခဲ့ရာ သဘောတူ စာချုပ်နှင့်အညီ ရေးဆွဲထားသည့် အဆောက်အအုံဒီဇိုင်းအတိုင်းသံ မဏိဖြင့် ဖွဲ့စည်းတည်ဆောက် သော အဆောက်အအုံ (Steel Structure Skeleton Building) ကို ၂၀၁၈ ခုနှစ် မတ်လတွင် ရာခိုင်နှုန်းပြည့် တည်ဆောက် ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။ 

Join – https://t.me/MyanmarNationalPost





Source link

Leave a Reply

Your email address will not be published. Required fields are marked *