ylliX - Online Advertising Network

ခိုင်မျိုး – ရွာထဲမှာ – MoeMaKa Media


ရွာထဲမှာ

ခိုင်မျိုး

(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၂၄

မြို့တော်ထဲမှာ

မပျံနိူင်တဲ့ခိုတွေဟာ

အိမ်အပြန်ဘတ်စ်ကားတစ်စီးပေါ်ကိုတက်ဖို့

ကားမှတ်တိုင်မှာအသက်ကြီးနေကြတယ်

လျှပ်စစ်မီးတွေကတော့

တစ်ဖက်လမ်းစပ်ဘီယာဆိုင်ကြီးထဲ

ကခုန်ပျော်မြူးနေလို့ပေါ့

လမ်းမကြီးဟာ သူနာမည်ကိုမေ့ထားလိုက်တာကြာပြီ

ဖွင့်လိုက်ပိတ်လိုက်အလုပ်ခံရတဲ့သူ့ကိုယ်ပေါ်က

တံတားတွေကိုလည်း

ဘာမှမ‌ပြောဝင့်တာကြာပြီ

သဲအိပ်စုကြီးတစ်စုကတော့

လမ်းဘေးမှာဆေးလိပ်သောက်‌ေနကြလေရဲ့

မြို့လား

မြို့ပျက်ကြီးလား

ခိုတွေဟာကားတစ်စီးပေါ်တက်ရင်း

အသက်ရှုသံတွေနဲ့ငြိပြီး‌ေသဆုံးကုန်ကြတယ်

ပြန်မလာတဲ့အချိန်နောက်မှာ

လူတစ်ပိုင်း

ကျောက်ရုပ်တစ်ပိုင်းမနုဿတွေ ….

t.me@moemaka

#MoeMaKaMedia

#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *