ylliX - Online Advertising Network
အာဆီယံဝန်ကြီးအဆင့် မြန်မာ့အရေးဆွေးနွေးပွဲ ထိုင်းမှာပြုလုပ်မည် - Western News

အာဆီယံဝန်ကြီးအဆင့် မြန်မာ့အရေးဆွေးနွေးပွဲ ထိုင်းမှာပြုလုပ်မည် – Western News


အာဆီယံဝန်ကြီးအဆင့် မြန်မာ့အရေးဆွေးနွေးပွဲကို ယခုလအတွင်း ထိုင်းနိုင်ငံမှာ ပြုလုပ်သွားမည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဌာနက ပြောသည်။

အာဆီယံ ဥက္ကဋ္ဌ လာအိုနိုင်ငံ၏ ဖိတ်ကြားမှုဖြင့် ဆွေးနွေးပွဲကို ပြုလုပ်မည်ဖြစ်ပြီး အဓိက မြန်မာစစ်ကောင်စီက အာဆီယံဘုံသဘောတူညီချက် ၅ ချက်ဖြင့် အကောင်အထည်ဖော် ဖြေရှင်းရေးကို ဦးတည် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၉ ရက်နေ့ လာအိုနိုင်ငံတွင် ကျင်းပသည့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် အရှေ့တောင်အာရှနိုင်ငံများမှ ခေါင်းဆောင်များ တွေ့ဆုံကာ မြန်မာနိုင်ငံတွင် ပိုမိုဆိုးရွားလာသော အကျပ်အတည်းပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး နည်းလမ်းများကို ရှာဖွေခဲ့ကြသည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိရေးနှင့် နိုင်ငံရေးအရ အဖြေရှာရန်အတွက် ထိုင်းအစိုးရက ကမကထပြုသည့် မြန်မာ့ရေးဆွေးနွေးပွဲကို ဒီဇင်ဘာလတွင် ကျင်းပရန် အဆိုပြုခဲ့ပြီးနောက် အဆိုပါ အစည်းအဝေး ဖြစ်ပေါ်လာခြင်းလည်းဖြစ်သည်။

မြန်မာ့အရေးကို ဖြေရှင်းရာတွင် အားလုံးပါဝင်ပြီး တာရှည်ခံ ငြိမ်းချမ်းသော ဆုံးဖြတ်ချက်တစ်ခု ရရှိစေရန် မြန်မာပြည်သူပြည်သား တစ်ရပ်လုံး၏ သဘောတူညီမှုချက်ဖြင့် အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်သင့်သည်ဟု ဆုံးဖြတ်သဘောတူညီခဲ့ကြကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ယခု ဒီဇင်ဘာလအတွင်း ကျင်းပမည့် မြန်မာ့အရေးဆွေးနွေးပွဲတွင် တော်လှန်ရေးအင်အားစုများကို ဖိတ်ကြားခြင်း ရှိ၊ မရှိကို ယခုအချိန်အထိ မသိရှိရသေးဟု တော်လှန်ရေးအင်အားစုများက ပြောဆိုကြသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *