နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်းရှိ မထောစခန်းနှင့် အင်ကုန်းကာကင်းများသို့ ရန်သူအင်အား(စိစစ်ဆဲအဖွဲ့က) ဒရုန်း ၂ စီးဖြင့် (၅) ကြိမ် Drop Bomb ဖြုတ်ချတိုက်ခိုက်၍ လည်းကောင်း KNLA တပ်မဟာ(၅) ၊ ရင်း(၁၀၂)နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၅ ဦးခန့်က လက်နက်ကြီး/ငယ် များဖြင့်လည်းကောင်း ပစ်ခတ်တိုက်ခိုက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့များက ရန်သူအား ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဖြစ်စဉ်အတွင်း အကြမ်းဖက်သမားများထံမှ- ရန်သူ့ Drone ၁ စီးအမ်(၄) ၁ လက်ကျည်အိမ် ၁ ခုကျည် ၁၅ တောင့် သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိကြောင်း သိရသည်။ Source link
နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသတွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ် တပ်ရင်းမှူးအပါအဝင်အများအပြား သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း TNLA ကထုတ်ပြန်သည်။ယနေ့ နိုဝင်ဘာလ (၁၆)ရက်နေ့တွင် နောင်ချိုမြို့ရှိ တောင်ခမ်းအမြောက်တပ်စခန်း (၃၅၄) နှင့် (၉၀၂) တပ်စခန်းတွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။တိုက်ပွဲအတွင်း စစ်ကောင်စီတပ် တပ်မ(၁၁) ခမရ (၂၁၃) တပ်ရင်းမှူး ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်ရှိသူနှင့် တပ်သားများ သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ နှင့် စစ်အသုံးအဆောင်ပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့သည့် အပြင် လက်နက်ခဲယမ်းနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်(၄)ဉီးလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။နောင်ချိုမြို့ရှိ တောင်ခမ်းအမြောက်တပ်စခန်းထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်သည် […]
နေပြည်တော်၊ နိုဝင်ဘာ ၁၅ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေးရှိ First Rate Mobile ဖုန်းဆိုင်သို့ အမျိုးသား ၄ ဦး(စိစစ်ဆဲ)က သေနတ်များကိုင်ဆောင်ဝင်ရောက်လာပြီး ဆိုင်ဝန်ထမ်း တစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ဆိုင်အတွင်းရှိ iPhone အမျိုးအစား လက်ကိုင်ဖုန်း ၂၀ လုံး၊ တန်ဘိုးငွေ ၁၁၂၁ သိန်းကျပ်ခန့်အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် တာချီလိတ် မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ကာ တရားခံများဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုယက်မှု ကျူးလွန်သူတရားခံများ ခိုအောင်းရောက်ရှိနေထိုင်လျက်ရှိသည့် အငှားနေအိမ်လိုင်းခန်း သို့ ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ တရားခံများက သေနတ်များဖြင့် စတင်ပစ်ခတ်ကာ […]
အောက်တိုဘာ ၁၈ ရက်(ယနေ့) ညနေ ၃ နာရီချိန်ခန့်တွင် နယ်မြေရှင်းလင်းစစ်ကြောင်းသည် နခခ(၅)၏ မြောက်ဘက်ခြံစည်းရိုးနှင့် မီတာ ၁၁၀၀ အကွာခန့်တွင် လက်နက်ပစ္စည်းအချို့ ထပ်မံသိမ်းဆည်းရရှိခဲ့ –(၁) တရုတ်စက်လတ် ၁ လက်(၂) ၅၀ တောင့်ပါ ကျည်ခါးပတ်တွဲ ၁ ခု(၃) ၇.၆၂ ကျည် ၁၀၀ တောင့်(၄) RPG ဗုံးသီး ၃ လုံး (၅) ဦးထုပ် ၁ လုံး၊ တူရွင်း ၆ ချောင်း အောက် ၁၈ ရက် (ဒီနေ့)အဖိုကတော့ မိမိဘက်ထိခိုက်မှုမရှိဘဲ ရန်သူ့လက်နက် ၁၁ လက် ရရှိထားပါတယ်။ […]
RNA_အောက်တိုဘာ(၁၇)၊၂၀၂၄ ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်မြို့သစ်အနီး စစ်ကောင်စီ၏ စွယ်တော်ကုန်း (အမြောက်ကုန်း) ကို ယနေ့ (အောက်တိုဘာ ၁၇ ရက်) နံနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များက သိမ်းပိုက်ရရှိခဲ့ရာ လက်နက်ခဲယမ်းများပါ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ Photo : Cobra Column Fundraising Team မြဝတီမြို့ တောင်ဘက်၊ လေးကေ့ကော်မြို့သစ်အနီး တခုတည်းကျန်ရှိနေသော စစ်ရေးအရ အရေးပါသည့် စစ်ကောင်စီ၏ ဗျူဟာကုန်းကို ရရှိထားပြီဖြစ်သည့်အတွက် လေးကေ့ကော်ကို ပြန်ရရှိခြင်း ဖြစ်သည်ဟု ပြောကြားနေကြသည်။ #RedNewsAgency #RNA Source link