ယမန်နေ့ ဇန်နဝါရီ (၄) ရက် ၊လွတ်လပ်ရေးနေ့က ပြန်လွှတ်ပေးသည့် နိုင်ငံခြားသားအကျဉ်းသားများထဲ၌ ကျားဖြန့်ကြောင့် ဖမ်းဆီးခံထားရသည့် ထိုင်းနိုင်ငံသား (၁၅၁) ဦး ပါဝင်ကြောင်း သိရသည်။ နစက ဥက္ကဋ္ဌသည် ဇန်နဝါရီ (၄) ရက်တွင် ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်၊ နိုင်ငံအချင်းအချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုကာ လူသားချင်းစာနာထောက် ထားမှုကို အလေးထားသည့်အနေဖြင့် အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ (၁၈၀)ဦးကို လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးခဲ့ခြင်းဖြစ်သည်။ အမျိုးသား (၇၄) ဦးနှင့် အမျိုးသမီး (၇၇) ဥဦးတို့ပါဝင်သည့် ထိုင်းနိုင်ငံသားများသည်၂၀၂၄ ခုနှစ် အစောပိုင်းက တာချီလိတ်မြို့၌ ပြုလုပ်ခဲ့သည့် ကျားဖျန့်နှိမ်နင်းရေး စီးနင်းမှုများအတွင်း ဖမ်းဆီးခံရပြီး ရှမ်းပြည်နယ်ရှိ အကျဉ်းထောင်များ၌ ထောင်ဒဏ်ကျခံနေရသူများ […]
အသက် ၂ဝအရွယ် လူငယ်အများစုပါဝင်တဲ့ မြန်မာနိုင်ငံသား ၁၀၇ ဦးကို တရားမဝင်လာရောက်မှုနဲ့ ထိုင်းအာဏာပိုင်တွေက ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်လိုက်တယ်လို့ ထိုင်းသတင်းဖော်ပြမှုတွေအရ သိရပါတယ်။ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ အဲဒီမြန်မာနိုင်ငံသားတွေကို ကန်ချနဘူရီခရိုင်၊ ထောင်ဖာဖှုန်မြို့ နယ်၊ ဟွေ့ခယိန်ကျေးရွာ ဖယ်အောင့်စွတ်လှေဂိတ်အနီးကနေ ထိုင်းရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။လက်ရှိမှာတော့ ဖမ်းဆီးရမိသူတွေကို ထိုင်းနိုင်ငံ လ.ဝ.က ဥပဒေအရ လုပ်ထုံးလုပ်နည်းအတိုင်း အပြစ်ပေးအရေးယူသွားမှာဖြစ်တယ်လို့သိရပြီး အရေးယူပြီးတဲ့အခါမှာတော့ နှစ်နိုင်ငံအစိုးရချင်းချိတ်ဆက်ကာ နယ်စပ်ကနေတစ်ဆင့် မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်သွားမယ်လို့ သိရပါတယ်။ Crd# Source link
ကမ္မမြို့ပေါ်ကို စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ ရပ်ကွက် ၁၂ ခုမှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ၊ ဘုတလင်တွင်လည်း စစ်တပ်က ပြည်သူ ၅၀ ကျော်ကို လူသားဒိုင်း အဖြစ်ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေ ရန်ကုန်၊ ဒီဇင်ဘာ ၂၅ မကွေးတိုင်း၊ ကမ္မမြို့ပေါ်ကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ ရပ်ကွက် ၁၂ ခုမှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ညောင်ဂျစ်ပင်နှင့် ရေလာလေးရွာ၌ တပ်စွဲထးသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကမ္မမြို့ပေါ်ကို စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်းသိရသည်။ အကြမ်းဖက် […]
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်အုပ်ချုပ်ရေးအဖွဲ့သည် Luxury ဟိုတယ်ကြီးများရှိ တပတ်ရစ် ပရိဘောဂများကို စုဆောင်းကာ ဝင်ငွေနည်းပါးသော မိသားစုများနှင့် အိမ်ရာမဲ့တို့အား လှူဒါန်းလျက်ရှိကြောင်း Koreatimes သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ဆိုးလ်မြို့တော်အုပ်ချုပ်ရေးအဖွဲ့သည် ထိုသို့လှူဒါန်းနေသည်မှာ ၁၀ နှစ်ရှိပြီ ဖြစ်သည်။ အဆိုပါ ၁၀ နှစ်တာ ကာလအတွင်း ဆိုးလ်မြို့တော် နယ်နိမိတ်အတွင်းရှိ Luxury ဟိုတယ်ကြီး ၁၄ ခုနှင့် ပူးပေါင်းကာ တပတ်ရစ် ပရိဘောဂပေါင်း ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပါးသော မိသားစုများ၊ အိမ်ရာမဲ့ ခိုလှုံရာစခန်းများနှင့် ပြည်သူ့အငှားအိမ်ရာများသို့ လှူဒါန်းပေးခဲ့သည်။ ယခုနှစ်တွင် ဆိုးလ်မြို့တော်အုပ်ချုပ်ရေးအဖွဲ့သည် အစီအစဉ်ဆက်လက်တိုးချဲ့လာပြီး အခြား ဟိုတယ် ၁၀ လုံးနှင့် ဆက်လက်ပူးပေါင်းမှု ပြုလုပ်လာသည်။ သို့အတွက် ပရိဘောဂများ ပိုမိုရရှိလာမည်ဖြစ်သည့်အပြင် အလုပ်အကိုင်မရှိသူများ၊ လမ်းပေါ်တွင် နေထိုင်ရမည့် […]
ကရင်နီပြည်နယ်ရှိ စစ်ရှောင်စာသင်ကျောင်းမှ ကလေး ၄၀၀ ကျော်ကို ထမင်းနှင့်ဟင်း လှူဒါန်း – Khit Thit Media
ကရင်နီပြည်နယ်ရှိ စစ်ရှောင်စာသင်ကျောင်းမှ ကလေး ၄၀၀ ကျော်ကို ထမင်းနှင့်ဟင်း လှူဒါန်း ရန်ကုန်၊နိုဝင်ဘာ ၁၄ ကရင်နီပြည်နယ်ရှိ စစ်ရှောင်စာသင်ကျောင်းတစ်ကျောင်းမှ ကလေး ၄၀၀ ကျော်ကို နွေဦးအားမာန်ဖောင်ဒေးရှင်းက အလှူရှင်ကိုယ်စား ယနေ့နိုဝင်ဘာ ၁၄ ရက်နေ့တွင် ထမင်းနှင့်ဟင်း လှူဒါန်းခဲ့ကြောင်း သိရှိရသည်။ Source link
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဖီမော်မြို့၊ ကန်ဖန်းရွာက အလင်းဝင်ရောက်ခဲ့တဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို KIA က ဂုဏ်ပြု ကြိုဆိုခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ရက်နေ့က ကချင်အထူးဒေသ(၁)ရှိ BGF လက်အောက်ခံ ဖီမော်မြို့၊ ကန်ဖမ်းရွာကို KIA က ဝင်ရောက်လာစဉ် လက်နက်ချ အလင်းဝင်ခဲ့တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁၀၀ကျော်ကို KIA က ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။ လက်နက်မချတဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင်အချို့က ကန်ဖန်းရွာအနီးရှိ ချောင်းတွင်းကို သေနတ်များစွန့်ပစ် ထွက်ပြေးသွားတာကြောင့် KIA၊ KPDF တပ်ဖွဲ့တွေ ဆယ်ယူခဲ့ရပါတယ်။KIA ပူးပေါင်း တပ်ဖွဲ့များ ကန်ဖန်းရွာကို ဝင်ရောက်လာစဉ် ဒေသပြည်သူများကလည်း သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ပြီး အဲ့ဒီရွာကို KIA က ထိန်းချုပ်ထားပါတယ်။အဆိုပါ BGF […]