သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် စစ်ကောင်စီနှင့် ဓနုအမျိုးသားလွတ်မြောက်ရေး တပ်ဦး (DPLF)တပ်ဖွဲ့ဝင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ကျောက်ဂူဒေသတွင် ပြီးခဲ့သည့် (ဇန်နဝါရီ ၁၁ ရက်)နေ့မှ ယနေ့ (ဇန်နဝါရီ ၁၃ ရက်)နေ့အထိ စစ်ကောင်စီနှင့် ဓနုတပ် (DPLF) တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်ပြီး ကျောက်ဂူဒေသခံ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရကြောင်း စစ်ရှောင်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ ၁၁ ရက်နေ့က ရွာအတွင်းထဲတော့ မရောက်သေးဘူး ရွာဘေးက ရွာတွေမှာဖြစ်တာ မနေ့က ညနေ ၂ နာရီလောက် ရွာအတွင်းထဲကို ဝင်ပြီး တိုက်ပွဲဖြစ်တာ။ ကျနော်တို့လည်း ယူစရာရှိတာ မြန်မြန်ယူပြီး ရွာလုံးကျွတ်ကို ထွက်ပြေးကုန်ကြတယ်။ ပြန်လည်းမပြန်ရဲဘူး။ တောင်ယာတွေထဲ ပြေးနေနေတာတောင် လက်နက်သံတွေ […]