သတင်းထုတ်ပြန်ချက်မရှိဘဲ အချိန်အတန်ကြာ ထိုးစစ်ဆင်နေတဲ့ ရခိုင့်တပ်တော်ရဲ့ စစ်ရေးပစ်မှတ်ဟာ အမ်းမြို့မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဖြစ်ပါတယ်။ ဒီနေ့ နောက်ဆုံးရထားတဲ့ သတင်းတွေအရ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) အနီးက အမှတ် (၂) ခုတင် ၃၀၀ စစ်ဆေးရုံကို ရခိုင့်တပ်တော်က သိမ်းပိုက်ထားပြီ ဖြစ်ပါတယ်။ အေအေက ဆက်သွယ်ရေးဖြတ်တောက်ထားနိုင်တာဖြစ်လို့ စစ်ကောင်စီရဲ့ မြေပြင်ထောက်ပို့တွေဟာ အမ်းကို မကူညီနိုင်ဘဲ ဒဏ်ရာရထားတဲ့ ရန်သူတွေလည်း ယာယီဆေးပေးခန်းတွေမှာပဲ ကုသခံနေရကြောင်းလည်း သိရပါတယ်။ အမ်းမြို့နယ်အနီးဝိုက်မှာတည်ရှိတဲ့ပူလောင်တောင်ဘုရားကုန်းက တပ်စခန်း၊ ကံ့ကော်တစ်ထောင်ဘုရားက စစ်ကောင်စီတပ်စခန်း၊ စရဖတပ်၊ စစ်ကောင်စီတပ်ရဲ့ အမှတ် (၃၇၃) ခြေမြန်တပ်ရင်း၊ အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်းနဲ့ နပခတဝိုက်က ကာကင်းစခန်းတွေဆိုရင်လည်း အေအေက နိုဝင်ဘာလအစမှာပဲ သိမ်းပိုက်ထားနိုင်ပါပြီ။ အမ်း-မင်းဘူးတောင်ကြားလမ်းပေါ်က စစ်တပ်စခန်းတွေအားလုံးကို အေအေက သိမ်းပိုက်ထားတာလို့ ဒေသတွင်းသတင်းတွေက […]