ylliX - Online Advertising Network

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရာထူးမှ နှုတ်ထွက်ပေးရ – MyanmarNationalPost

၂၀၂၄၊ ဒီဇင်ဘာ ၄ အင်္ဂါနေ့က နိုင်ငံတော်အရေးပေါ်အခြေအနေ စစ်အုပ်ချုပ်ရေး ဥပဒေတစ်ရပ်ကို တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုကထုတ်ပြန်လိုက်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး နိုင်ငံတော်ကို ရှုတ်ထွေးသွားစေခြင်းနဲ့ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့တဲ့အတွက် တောင်းပန်ကြောင်း ကာကွယ်ရေးဝန်ကြီး ကင်ယောင်ဟွန်က တောင်းပန်ပြီး နှုတ်ထွက်စာတင်ခဲ့ပါတယ်။   “မြောက်ကိုရီးယားလိုလားသောတပ်ဖွဲ့များ” ၏ခြိမ်းခြောက်မှုကို ကာကွယ်ရန်အတွက် သမ္မတကို စစ်အုပ်ချုပ်ရေး ထုတ်ပြန်ရန် အကြံပေးမှုတွင် အဓိက တာဝန်ရှိသူဖြစ်တဲ့အတွက် ရာထူးမှ နုတ်ထွက်ရန် ခေါ်ယူခြင်းခံရကြောင်း သိရသည်။ ပါလီမန်တွင် အမတ်အများစုရှိသည့် အတိုက်အခံဒီမိုကရက်တစ်ပါတီက အစိုးရကို နိုင်ငံတော်ကို ဆန့်ကျင်ဘက်ပြုနေသည်ဟု စွပ်စွဲခဲ့သည်။  “စစ်အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စအားလုံးကို ကျွန်တော် တာဝန်ယူပြီး နုတ်ထွက်စာကို သမ္မတထံ တင်သွင်းခဲ့ပါတယ်” ဟု ကင်မ်က ပြောကြားခဲ့သည်။ “စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းပြီး ပြည်သူတွေဟာ သူတို့ရဲ့နေ့စဉ်ဘဝတွေကို ပြန်လည်ရောက်ရှိနေကြပေမယ့် […]

ABSDF တည်ထောင်ခြင်း ၃၆နှစ်ပြည့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တက်ရောက်၊ ရန်ပုံငွေ သိန်း တစ်ထောင်ကျော်ရရှိ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) ABSDF ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်မြောက် အထိမ်းအမှတ်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တက်ရောက် အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်း နဲ့ စစ်မြေပြင် တပ်ဖွဲ့ဝင်များရဲ့ အခက်အခဲများ အတွက် ဝိုင်းဝန်းဖြေရှင်းနိုင်ရေး အတွက် တွေ့ဆုံဆွေးနွေးမှု များကို နိုဝင်ဘာ ၂၃နဲ့ ၂၄မှာ ပြုလုပ်ခဲ့တာပါ။ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ နဲ့ ဥရောပ အပါအဝင် ဂျပန်၊ ဩစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း နိုင်ငံတို့က ABSDF မှာ တာဝန်ထမ်းဆောင်ခဲ့သူများ၊ ကူညီထောက်ပံ့သူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။တွေ့ဆုံဆွေးနွေးမှု နှစ်ရပ်တွင် ပါဝင် တက်ရောက်သူများက မကဒတ (ကျောင်းသားတပ်မတော်) ရဲ့ ရှေ့လုပ်ငန်းစဉ်များ […]