နေပြည်တော်၊ ဇန်နဝါရီ ၁၉ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ သပြုဆိပ်ကျေးရွာသို့ ရောက်ရှိ ကြရာ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက သောင်းသောင်းဖျဖျ ကြိုဆို နှုတ်ဆက်ကြသည်။ အဆိုပါနယ်လှည့်အထူးကုဆေးအဖွဲ့သည် ကျိုက်လတ်မြို့နယ်၊ သပြုဆိပ်ကျေးရွာ၊ ညောင်ချောင်းဘုန်းကြီးကျောင်းရှိ ရတနာသုခဓမ္မဗိမာန်တော်တွင် အခြေပြု၍ အဆိုပါ မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၄၁၇ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၁၁ ဦး၊ […]
ကျိုက်လတ်၊ ဒီဇင်ဘာ ၈ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ပြည်သူများ လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် စားနပ်ရိက္ခာများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၈)နာရီက အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)တွင် အခြေခံ စားသောက်ကုန်များ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်စီစဥ်မှုဖြင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးရာတွင် ကြက်သား(၁)ပိဿာလျှင်(၁၃၀၀၀)ကျပ်နှုန်း၊ ဝက်သား (၁)ပိဿာ လျှင်(၂၅၀၀၀)ကျပ်နှုန်း၊ ငါးခုံးမ(၁)ပိဿာလျှင် (၂၅၀၀)ကျပ်နှုန်း၊ ဆီ(၁)ပိဿာလျှင် (၈၀၀၀) ကျပ်နှုန်း၊ ကြက်ဥတစ်လုံးလျှင် (၃၈၀)ကျပ်နှုန်း၊ ဘဲဥတစ်လုံးလျှင် (၅၀၀)ကျပ်နှုန်းနှင့် ဟင်းသီးဟင်းရွက်များအားသက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး သောကြောင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဝယ်ယူမှုများခဲ့ကြောင်းသိရသည်။ ထိုသို့ရောင်းချပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ […]