သျှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ် ကာလကျေးရွာ ကို စစ်ကောင်စီတပ်တပ်မှ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံများ ကြောက်လန့်နေကြရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ (၈) ရက် ညပိုင်းတွင် စစ်ကောင်စီတပ်မှ ကာလရွာကို လေယာဉ်ဗုံးကြဲမှုကြောင့် စစ်ရှောင်နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာ အပြင်းထန်ရရှိခဲ့ကာ နေအိမ် ၆ လုံးခန့် ပျက်စီးသွားခဲ့သည်ဟု သတင်းရင်းမြစ်ထံမှ သိရသည်။ ထိုသို့ လေယာဉ်ဖြင့် ဗုံးကြဲပြီးနောက် ဒေသခံများသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိနေပြီး ညဘက်တွင် ကောင်းမွန်စွာ အိပ်မရဲကြဘဲ ကြောက်လန့်နေကြရသည်ဟု ဒေသခံများက ပြောသည်။ လေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် နေအိမ်များ “တိုက်ပွဲဖြစ်ပွားတဲ့ ရွာလည်းမဟုတ်ဘူး။ ဘာမှမဆိုင်ဘဲ ဗုံးလာကြဲသွားတယ်။ စစ်ရှောင်နှစ်ဦးသေတယ်။ တစ်ဦးတော့ ဒဏ်ရာပြင်းတယ်။ အခုဆို ညဘက်တောင် ကောင်းကောင်း မအိပ်ရဲတော့ဘူး။ စိတ်တော့ တော်တော် ထိခိုက်သွားတယ်။” ဟု ဖယ်ခုံ ဒေသခံ […]