ylliX - Online Advertising Network

ကျပ် ၁ ဒသမ ၃၆၅ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၉၁ ကီလိုကို ကျိုင်းတုံမှာ ဖမ်းမိ

ကျပ် ၁ ဒသမ ၃၆၅ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၉၁ ကီလိုကို ကျိုင်းတုံမှာ ဖမ်းမိ – Myanmar Transparency News Source link

ကျိုင်းတုံမြို့၌ နှစ်(၅၀)ပြည့် ရွှေရတုအာခါအမျိုးသားနေ့ ကျင်းပပြုလုပ် | Myawady Webportal

ကျိုင်းတုံမြို့၌ နှစ်(၅၀)ပြည့် ရွှေရတုအာခါအမျိုးသားနေ့ ကျင်းပပြုလုပ် နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာလ ၂၈ ရက်     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် နှစ်(၅၀)ပြည့် ရွှေရတုအာခါ အမျိုးသားနေ့ကို ယနေ့ညနေပိုင်းတွင် အဆိုပါမြို့ရှိ ခရိုင်အားကစားကွင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။     ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက နှစ်(၅၀)ပြည့် ရွှေရတုအာခါအမျိုးသား နေ့အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး အထိမ်းအမှတ်ပြခန်းများအား လှည့် လည်ကြည့်ရှုကြသည်။ ထို့နောက် အာခါတိုင်းရင်းသားအဆိုရှင်များက အမျိုးသားနေ့ အဖွင့်သီချင်းအား သီဆိုကြသည်။ ၎င်းနောက် တိုင်းမှူးက နှစ်(၅၀)ပြည့် ရွှေရတုအာခါ အမျိုးသားနေ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် […]

ကျိုင်းတုံမြို့၏ ဒီဇင်ဘာ အားကစားလ ၊ လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

  ကျိုင်းတုံမြို့၏ ဒီဇင်ဘာ အားကစားလ ၊ လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာ ၇ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ ဒီဇင်ဘာအားကစားလ၊ လူထု အားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ ကျောက်တိုင်အဝိုင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်ဒေသခံ  တိုင်းရင်းသားပြည်သူများ စုစုပေါင်းအင်အား  ၁၂၅၂    ဦးခန့် သည် ကျိုင်းတုံမြို့ ကျောက်တိုင်အဝိုင်းမှ ကျိုင်းတုံ-တောင်ကြီး လမ်းအတိုင်း နောင်တုံကန် ပတ်၍ မဟာမြတ်မုနိဘုရားအဝိုင်းမှ ကျိုင်းတုံမြို့နယ် အားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ကြသည်။ ထို့နောက် […]

နေပြည်တော်၊ ကျိုင်းတုံမြို့၊ ပင်လုံမြို့၊ မြိတ်မြို့၊ ထားဝယ်မြို့နှင့် မအူပင်မြို့တို့၌ Polytechnic University ဖွင့်ပွဲများ ကျင်းပပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ ၂၁ နေပြည်တော်၊ ပြည်ထောင်စုနယ်မြေတွင် ယမန်နေ့က State Polytechnic University ကို နိုင်ငံတော်စီမံအုပ်ချုပ်ရးကောင်စီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက ဖွင့်လှစ်ပေးခဲ့ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လုံမြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ထားဝယ်မြို့နှင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တို့၌ Polytechnic University ဖွင့်ပွဲများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ က ဦးဆောင်၍ ဖွင့်လှစ်ပေးခဲ့သည်။ State Polytechnic University ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က Polytechnic University ဆိုသည်မှာ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာပညာရပ်နှင့် အသုံးချသိပ္ပံ၊ စီးပွားရေး၊စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့်ပညာရပ်များကို ဘွဲ့ကြိုသင်တန်းများသာမက ဘွဲ့လွန်သင်တန်းများအထိ လက်တွေ့ကျကျ […]