ylliX - Online Advertising Network

ကျောင်းသား/ကျောင်းသူများအကြား ဥပဒေအသိပညာများ တိုးပွား၍ နိုင်ငံတော်အတွက် ပြည်နယ်အတွက် ကောင်းကျိုးရလာဒ်များ တိုးပွားဖြစ်ထွန်းစေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ပြောကြား

မော်လမြိုင်၊ နိုဝင်ဘာ ၁၄ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Grade 11 နှင့် Grade 12 သင်ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဉ်(၁)ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း ယင်းမာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဆရာ၊ ဆရာမများ တက်ရောက်သည်။ ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုဖြစ်ပြီးနိုင်ငံအတွင်း နေထိုင်သည့် နိုင်ငံသားတိုင်းဥပဒေကို မဖြစ်မနေ သိရှိလိုက်နာစောင့်ထိန်းကြရမည့် တာဝန်ရှိကြောင်း၊ ဥပဒေကို နိုင်ငံသားတိုင်းက သိရှိနားလည်ရန်လိုအပ်ပြီး ဥပဒေပညာရပ်များကို ကျယ်ပြန့်စွာ သင်ကြားပေးရေးနှင့် အသိပညာပေးရေးသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ ကျောင်းသား/ကျောင်းသူများ […]