ylliX - Online Advertising Network

ကျောင်းသားလူငယ်များပါဝင်သော တပ်သုံးတပ်ပေါင်းထားသည့် အမှတ် (၈) စစ်ကြောင်း

RNA_ဒီဇင်ဘာ(၁၄)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေး စစ်ကောင်စီစခန်း ဝင်ရောက်တိုက်ခိုက်ရာတွင် ဦးဆောင်ခဲ့သော အမှတ် (၈) စစ်ကြောင်းတွင် ကျောင်းသားလူငယ်များပါဝင်သော ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) နှင့် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) တို့ ပူးပေါင်းထားသော စစ်ကြောင်းဖြစ်ကြောင်း သိရသည်။ အမှတ် (၈) စစ်ကြောင်းတွင် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းမှစတင်ကာ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) နှင့် ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)တို့အကြား စစ်ရေးနိုင်ငံရေးဆွေးနွေးမှုများကို ၆လကြာသည်အထိ ညှိနှိုင်းတိုင်ပင် ဆွေးနွေးပြီး ပေါ်ပေါက်ခဲ့သော်လည်း ယခုအချိန် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) ပါဝင် ပူးပေါင်းလာသည့်အတွက် တပ်ဖွဲ့သုံးဖွဲ့ဖြစ်သွားပြီဟု အမှတ် (၈) စစ်ကြောင်းက ထုတ်ပြန်ထားသည်။ အမှတ် (၈) စစ်ကြောင်း၏ အခြေခံမူဝါဒများမှာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အမြစ်ပြတ်တိုက်ဖျက်ရေး၊ […]