ylliX - Online Advertising Network

မာဘာ့ဂ်ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုလို့ ယူဆရတဲ့ အခြေအနေကြောင့် တန်ဇန်းနီးယားနိုင်ငံမှာ လူရှစ်ဦး သေဆုံး

တန်ဇန်းနီးယားနိုင်ငံမှာ မာဘာ့ဂ်ဗိုင်းရပ်စ်(Marburg) ကူးစက်ပျံ့နှံ့မှုလို့ ယူဆရတဲ့ အခြေအနေကြောင့် လူရှစ်ဦး သေဆုံးခဲ့ပြီး တန်ဇန်းနီးယားနိုင်ငံအပြင် အိမ်နီးချင်းနိုင်ငံတွေအတွက်ပါ စိုးရိမ်စရာအခြေအနေ ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီလ ၁၁ ရက်အထိ မှတ်တမ်းတွေအရ တန်ဇန်းနီးယားနိုင်ငံမြောက်ပိုင်း ကာဂျီရာဒေသရဲ့ ခရိုင်နှစ်ခုမှာ အီဘိုလာနဲ့အသွင်သဏ္ဍာန်တူတဲ့ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉ ဦးရှိခဲ့ပြီး သေဆုံးသူ ၈ ဦး ရှိခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ဆိုပါတယ်။ ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့နိုင်ခြေ နည်းပါးပေမဲ့ တန်ဇန်းနီးယားနဲ့ ဒေသတွင်းနိုင်ငံတွေကို ကူးစက်ပြန့်ပွားနိုင်ခြေ မြင့်မားတယ်လို့ သတ်မှတ်ထားပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေဟာ ဖျားနာ၊ ခေါင်းကိုက်၊ ကျောအောင့်၊ အော့အန်၊ ဝမ်းပျက်၊ နုံးခွေ အစရှိတဲ့ ရောဂါလက္ခဏာတွေ ခံစားရလေ့ရှိပြီး ကြာလာရင်တော့ ဒွာရပေါက်တွေကနေ သွေးထွက်တာမျိုး ကြုံရလေ့ရှိပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေဟာ သေဆုံးနိုင်ခြေ ၈၉ […]