ylliX - Online Advertising Network

အကျဉ်းသားအကျဉ်းသူ ၁၆၀ ကျော် လွတ်ငြိမ်းခွင့် NUG ကြေညာ

နှစ်သစ် အခါသမယဖြစ်တဲ့ ဇန်နဝါရီလ ၁ ရက်နေ့မှာ အကျဉ်းထောင် အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ အကျဉ်းသား အကျဉ်းသူ ၁၆၉ ယောက်ကို စည်းကမ်းသတ်မှတ်ချက် မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။ Source link

စစ်ကိုင်းတပ်မဟာဖွဲ့စည်းပြီး နှစ်သစ်တွင် စစ်ရေးအရှိန်မြှင့်မည်ဟု MDY- PDF ကြေညာ – Myanmar Now

နိုင်ငံအလယ်ပိုင်းဒေသမန္တလေးနှင့် စစ်ကိုင်းတိုင်း၌ ၂၀၂၅ ခုနှစ်အတွင်း စစ်ရေး အရှိန်မြှင့်လုပ်ဆောင်ရန် စစ်ကိုင်းတိုင်း တပ်မဟာအသစ်ကို ဖွဲ့စည်းသွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY-PDF က ဒီဇင်ဘာ ၃၀ ရက်က ထုတ်ပြန်သည်။  ၂၀၂၅ စစ်ဆင်ရေးများအတွက် ချိတ်ဆက်စဉ်းစားရာတွင် ၎င်းတို့ထိန်းချုပ်စိုးမိုးနယ်မြေများ နှင့် ထိစပ်သော စစ်ကိုင်းတိုင်းကိုပါ ထည့်သွင်းလာရသည့်အတွက် ယခုလို စစ်ကိုင်းတပ်မဟာအသစ်ကို ဖွဲ့စည်းရခြင်းဖြစ်သည်ဟု MDY-PDF ၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က Myanmar Now ကို ပြောသည်။  “ ကျ‌နော်တို့ စစ်ဆင်ရေးအရှိန်မြှင့်ဆောင်ရွက်လာရင် သေချာပေါက် တိုက်ပွဲဖြစ်လာမယ့် နယ်မြေဒေသ တွေဟာ မြန်မာနိုင်ငံအလယ်ပိုင်းပြောလို့ရတဲ့ မကွေး၊ စစ်ကိုင်း ၊ မန္တလေး ဒီဒေသတွေဟာ တိုက်ပွဲပြင်း ထန်လာနိုင်တယ်” ဟု သူက ပြောသည်။   ပြီးခဲ့သည့် ၂၀၂၄ […]

ယောဒေသလွတ်မြောက်ရေး စစ်ရှိန်မြှင့်မယ်လို့ယောတပ်တော် ကြေညာ – Voice of Revolution Live News

ယောဒေသလွတ်မြောက်ရေး စစ်ရှိန်မြှင့်မယ်လို့ မတူပီမြို့နဲ့မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ယောတပ်တော်-YAက မနေ့ကဒီဇင်ဘာ၂၄ရက်မှာကြေညာပါတယ်။အိမ်နီးချင်း ချင်းပြည်နယ်ရဲ့လွတ်မြောက်မှုဟာယောဒေသ ပြည်သူတွေရဲ့လုံခြုံမှုဖြစ်ပြီး ၊ ယောဒေသလွတ်မြောက်မှုဟာလည်းအိမ်နီးချင်းမဟာမိတ်တွေအတွက် လုံခြုံမှုဖြစ်တယ်လို့ဆိုပါတယ်။ယောဒေသလွတ်မြောက်ရေး ကြိုးပမ်းရာမှာယောဒေသရှိ ဂန့်ဂေါ ၊ ကျော၊ ထီးလင်း၊ ကျောက်ထု၊ ဆော၊ လောင်းရှည်စတဲ့ဒေသတွေကျုံးဝင်တယ်လို့သိရပါတယ်။ YAဟာ အာရက္ခတပ်တော်(AA) ၊ချင်းညီ‌နောင်၊ ယောကာကွယ်ရေးတပ် (YDF) အပြင်အခြား မဟာမိတ်တွေနဲ့အတူပူးပေါင်းပြီး မတူပီအခြေချ စစ်ဗျူဟာတွေနဲ့ မင်းတပ်မြို့ ခလရ(၂၇၄)နဲ့ မင်းတပ်မြို့မရဲစခန်း သိမ်းတိုက်ပွဲတွေမှာပါဝင်တိုက်ခိုက်ခဲ့တယ်လို့အသိပေးထားပါတယ်။စစ်ဆင်ရေးတစ်လျှောက် မဆုတ်မနစ်တဲ့ ဇွဲသတ္တိတို့နဲ့တိုက်ပွဲဝင် ပေးဆပ်ခဲ့တဲ့ထိခိုက်ကျဆုံး အာဇာနည်များ ၊အောင်ပွဲရတပ်မှူးများ နဲ့ ရဲဘော်များအားလုံးရဲ့ဆင့်ကဲအမိန့်နာခံမှုကောင်းမွန်ခြင်း ၊ လက်ရုံးရည်၊နှလုံးရည်ပြည့်ဝခြင်း တို့ကိုအထူးပင် လေးစားဂုဏ်ယူ အလေးပြုကြောင်းလည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ Continue Reading Source link

Dimensity 7300 SoC နဲ့ 6,000mAh Battery ပါတဲ့ OPPO A5 Pro ကို ကြေညာ – MyTech Myanmar

Skip to content OPPO A5 Pro ကို ကြေညာလိုက်ပြီး 6.7” 120Hz FullHD+ AMOLED Display သုံးထားပါတယ်။ 1,200 Nits Peak Brightness နဲ့ Gorilla Glass Victus 2 Protection ပါပါတယ်။ Punch Hole မှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး Display အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ အနောက်ဘက်မှာ 50MP Main နဲ့ 2MP Monochrome ကင်မရာ သုံးထားပါတယ်။ OPPO A5 Pro မှာ Dimensity 7300 Chip ထည့်ထားပြီး 12GB RAM […]

နိုင်ငံခြားရေးဝန်ကြီးသစ် ခန့်အပ်ကြောင်း ဆီးရီးယား ယာယီအစိုးရ ကြေညာ

သူဟာ ဆီးရီးယားကို နိုင်ငံတကာနဲ့ ဆက်ဆံရေး ထူထောင်ပြီး ငြိမ်းချမ်းတည်ငြိမ်မှုရှိအောင် စွမ်းဆောင်ပေးနိုင်မယ်လို့ ဆီးရီးယား ပြည်သူတွေက ယုံကြည်ကြောင်း ဖေါ်ပြထားပေမယ့် ရှီဘာနီနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်လက်တွေကိုတော့ ဖော်ပြမထားပါဘူး။ ဆီးရီးယားမှာ လက်ရှိအုပ်ချုပ်နေတဲ့ Ahmed al-Sharaa ဟာ အာဏာရယူခဲ့ချိန်ကစပြီး ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယားသံတမန်နဲ့ အမေရိကန် အကြီးတန်း သံတမန်တွေ အပါအဝင် နိုင်ငံရပ်ခြား ကိုယ်စားလှယ်တွေနဲ့ တက်တက်ကြွကြွ ထိတွေ့ဆက်ဆံခဲ့တာပါ။ ဆီးရီးယား ပြန်လည်တည်ဆောက်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာဖို့ အဓိက ဦးစားပေးမှာ ဖြစ်ကြောင်း ပြောကြားရင်း နိုင်ငံတကာ သံတမန်တွေနဲ့ ပြေလည်အောင် ဆက်ဆံလိုကြောင်းလည်း ပြသခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် ဘယ်လို တိုက်ခိုက်မှုမျိုးမဆို လုပ်ဆောင်ဖို့ ဆန္ဒ မရှိကြောင်းလည်း ပြောပါတယ်။ ဆီးရီးယား အာဏာရှင် Assad […]

ဂွတမြို့လုံးနီးပါး သိမ်းပြီးကြောင်း AA ကြေညာ၊ ခမရ (၅၆၂) က တပ်ဖွဲ့ဝင်ရာနဲ့ချီပြီးထွက်ပြေးနေ

ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းနဲ့ နယ်နမိတ်ချင်းဆပ်စပ်နေတဲ့ ဂွမြို့ရဲ့ ၃ပုံ ၂ပုံခန့်ကို သိမ်းပိုက်ထားနိုင်ပြီလို့ အာရက္ခတပ်တော် AA က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပြောပါတယ်။ဂွမြို့နယ်အတွင်းက စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်နေပြီး စစ်ကူလာတဲ့ တပ်မ ၁၁ လက်အောက်ခံတပ်ရင်းတွေနဲ့ အခြားသောတပ်ရင်းပေါင်းများစွာနဲ့လည်း တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်ဂွမြို့ပေါ်မှာ အခြေစိုက်ထားတဲ့ ခမရ ၅၆၃ တပ်ရင်းကို AA က သိမ်းပိုက်လိုက်ပြီး ခမရ ၅၆၂ တပ်ရင်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီဟာထွက်ပြေးနေတယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။စစ်ကောင်စီဟာ ဂွ – ငါးသိုင်းချောင်း ရိုးမလမ်း ရေနံ့သာလမ်းဆုံအနီးက အမှတ် (၃၄၄) အမြောက်တပ် အမတ-၃၄၄ကို လုံခြုံရေးအင်အားတိုးမြှင့်ပြီး လက်နက်ကြီး ပစ်ကူနေရသလို ဂွရိုးလမ်းပေါ်က ဒေါင်းချောင်းနဲ့ ဗေဒါစစ်ဆေးရေးဂိတ်ကိုပါ AA က သိမ်းပိုက်လိုက်ပြီလို့ စစ်ရေးသတင်းအရင်းမြစ်တွေထံက သိရပါတယ်။ […]

11.5” 144Hz Display နဲ့ Dimensity 8350 ပါတဲ့ Honor Pad V9 တက်ဘလက်ကို ကြေညာ – MyTech Myanmar

Skip to content Honor က Pad V9 တက်ဘလက် အသစ်ကို ကြေညာလိုက်ပြီး 11.5” Display , Dimensity 8350, 10,100mAh Battery နဲ့ 66W Charging ပါပါတယ်။ Honor Pad V9 မှာ 11.5” IPS LCD 2800x1840p Display တပ်ဆင်ထားပြီး 144Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Spatial Audio ပါတဲ့ စပီကာ ၈ လုံး ၊ Hi-Res Audio နဲ့ DTS-X Support ထည့်သွင်းထားပါတယ်။ Magic Pencil 3 Stylus နဲ့ တွဲဖက်သုံးနိုင်ပြီး သီးခြား […]

6,000mAh Battery နဲ့ Mediatek 6300 Chipset ပါတဲ့ realme 14x ကို ကြေညာ – MyTech Myanmar

Skip to content realme က Mediatek 6300 Chipset ပါတဲ့ 14x ကို ကြေညာလိုက်ပါတယ်၊ အဲဒီဖုန်းဟာ တရုတ်က realme V60 Pro ရဲ့ နိုင်ငံတကာ မော်ဒယ်ဖြစ်ပါတယ်။ realme 14x မှာ 6.67” LCD HD+ Display သုံးထားပြီး 120Hz Refresh Rate ပါပါတယ်။ Punch Hole မှာ 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 50MP OmniVision Sensor နဲ့ Auxiliary Sensor ထည့်သွင်းထားပါတယ်။ Dimensity 6300 Chipset မောင်းနှင်ထားပြီး 6GB or 8GB RAM […]

ဓါတ်ပုံနဲ့ အသံထုတ်ပေးနိုင်တဲ့ Google Gemini 2.0 ကို ကြေညာ – MyTech Myanmar

Skip to content Google က နောက်မျိုးဆက် AI မော်ဒယ် ဖြစ်တဲ့ Gemini 2.0 ကို ကြေညာလိုက်ပြီး ဓါတ်ပုံနဲ့ အသံ ထုတ်ပေးနိုင်ပါတယ်။ Agentic AI မော်ဒယ်တွေ ထည့်သွင်းထားပြီး လူတွေ ကိုယ်စား ဆုံးဖြတ်ချက်ချတာနဲ့ အလုပ်လုပ်တာတွေ ပြုလုပ်နိုင်ပါတယ်။ ဥပမာ အနေနဲ့ ဈေးဝယ်တဲ့ စာရင်းလုပ်တာ၊ အစည်းအဝေး လုပ်တာတွေကို စီစဉ်ပေးနိုင်ပါတယ်။ Gemini 2.0 ဟာ Clash of Clans လို ဂိမ်းကစားရင် အကြံပေးတာ ကနေ ဈေးဝယ်ရမယ့် ပစ္စည်းတွေကို ရွေးပေးတာ အပါအဝင် ကဏ္ဍမျိုးစုံမှာ သင့်ကို ကူညီပေးနိုင်ပါတယ်။ စာရိုက်ထည့်လိုက်တာနဲ့ သူက အလိုအလျှောက် အလုပ်လုပ်ပေးမှာပါ။ Gemini 2.0 […]

မင်းအောင်လှိုင်ကို ဖမ်းဆီးတရားစီရင်နိုင်ရေး အစွမ်းကုန် ကြိုးပမ်းမယ်လို့ NUG ၊ KNU ၊ KNPP နဲ့ CNF ပူးတွဲ ကြေညာ

နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ဖမ်း၀ရမ်းထုတ်တော့မယ့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးနိုင်ရေးနဲ့ တရားစီရင်နိုင်ရေးအတွက် အစွမ်းကုန် အရှိန်မြှင့် ကြိုးပမ်းအားထုတ်မယ်လို့ အမျိုးသာညီ ညွတ်ရေးအစိုးရ-NUG ၊ ကရင်အမျိုးသားအစည်းအရုံး-KNU ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP နဲ့ ချင်းအမျိုးသားတပ်ဦး-CNF တို့က ပူးတွဲကြေ ညာချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ပါတယ်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ် ခံရမယ့် တရားခံ မင်းအောင်လှိုင်ကို နိုင်ငံတကာက ဖမ်းဆီးအရေးယူနိုင်ရေး၊ အလား တူ မြန်မာပြည်သူလူထုအပေါ် ကျူးလွန်တဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုများကိုလည်း ဖော်ထုတ်ပြီး နိုင်ငံတကာ ဥပဒေများနဲ့အညီ ICC၊ ICJ စတဲ့ နိုင်ငံတကာတရားစီရင်ရေးယန္တရားများတွေကတဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် အစွမ်းကုန်အရှိန်မြှင့် ကြိုးပမ်းအားထုတ် သွားမယ်လို့ မနေ့က နိုဝင်ဘာ ၃၀ရက်မှာ ကြေညာလိုက်တာဖြစ်ပါတယ်။ […]