ကချင်ပြည်နယ် ဗန်းမော်မြို့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့မှုမရတဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေရှိနေတယ်လို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့စတင်လာတဲ့ ဗန်းမော်မြို့တိုက်ပွဲကြောင့် ထွက်ပြေးလာရတဲ့စစ်ရှောင်ပြည်သူတွေဟာ အရေးပေါ်အတွက်အစားသောက်ကူညီမှုတွေမရတဲ့အပြင် လမ်းခရီးမှာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တပ်သားသစ်စုဆောင်းခံရတာရှိနေတယ်လို့ ဗန်းမော်စစ်ရှောင်တွေ ပြောပါတယ်။ “စစ်ရှောင်တဲ့သူတွေတော်တော်များများ မန္တလေး၊ ရွှေကူဘက်ဆင်းတဲ့သူတွေကိုဆို KIA ကလည်း ပေါ်တာဆွဲတယ်။ မန္တလေးဘက်မှာဆို စစ်ကိုင်းတံတားနားမှာ ဝင်တဲ့သူတွေကို စစ်တပ်က တားဆီးတာတို့၊ ဆွဲတာတို့လုပ်နေတယ်။ အဲ့အတွက်တော့ ပိုသတိထားနေရတယ်။” လို့ ဗန်းမော်မြို့ခံတစ်ဦးက ပြောပါတယ်။ ဗန်းမော်မြို့ကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေထဲက လူငယ်၊ လူလတ်ပိုင်းကို KIA က စင်းခန်းမှာတပ်သားအဖြစ်စုဆောင်းတာတွေရှိနေသလို စစ်ကိုင်းတံတားအနီးတစ်ဝိုက်မှာတော့ စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိနေရတယ်လို့ စစ်ဘေးရှောင်တွေ ပြောပါတယ်။ တိုက်ပွဲ ၂ ပတ်ကျော်ကြာလာချိန် ဗန်းမော်စစ်ရှောင်ပြည်သူတွေဟာ ဗန်းမော်မြို့အနောက်ဘက် ဧရာ၀တီမြစ်တစ်ဖက်ကမ်းကူးပြီး ရွှေကူ၊ ကသာ၊ မန္တလေးဘက် […]