ylliX - Online Advertising Network

ကွတ်ခိုင်မြို့ပေါ် စစ်ကောင်စီတပ် လေကြောင်းထပ်မံ ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၁ ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသား (၁) ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၁ ရက်) နံနက်အစောပိုင်း ၃ နာရီခွဲကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ပေါ် ရပ်ကွက်(၂) စီမံကိန်းရုံး၊ အခွန်ရုံးနှင့် တိုးဂိတ်အနီးရှိ စက်မှုကျောင်းတို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင်(၅၀၀)ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီမနက်အစော ၃ နာရီခွဲ ဝန်းကျင်အချိန်မှာပဲ ဗုံးဆက်တိုက် လာကြဲသွားတယ်။ အမျိုးသားတစ်ဦး ဆုံးတယ်။ ကြဲသွားတာက ရပ်ကွက်(၂) စီမံကိန်းရုံးနဲ့ တိုးဂိတ်နားက စက်မှုကျောင်းဘက်မှာ လာကြဲသွားတယ်။ စီမံကိန်းရုံးတော့ တော်တော် ပျက်စီးသွားတယ်။ […]