ylliX - Online Advertising Network

ကန်သံမဏိလုပ်ငန်း ဂျပန်ဝယ်ရေး သမ္မတဘိုင်ဒန် ကန့်ကွက် 

အမေရိကန် သံမဏိလုပ်ငန်းကြီး US Steel ကို ဂျပန် Nippon Steel ကုမ္ပဏီက ဝယ်ယူမယ့်ကိစ္စကို သူ အခိုင်အမာ ဆက်လက် ကန့်ကွက်တဲ့အကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က သောကြာနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ အမေရိကန်ဒေါ်လာ ၁၄.၉ သန်းနဲ့ US Steel ကုမ္ပဏီကို Nippon Steel က ဝယ်ယူဖို့ ကြိုးပမ်းနေတာပါ။  Source link

ကရင်နှစ်သစ်ကူးနေ့အခမ်းအနား တိုက်ခိုက်မှုကို KNU ကန့်ကွက် – Myanmar Now

ယမန်နေ့(ဒီဇင်ဘာ ၃၀) နံနက်ပိုင်းက  ကရင်ပြည်နယ်တစ်နေရာတွင် ကျင်းပသည့် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်သည့်အတွက်  ကန့်ကွက်ရှုတ်ချကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က ကြေညာချက် ထုတ်ပြန်သည်။  ဖာပွန်မြို့နယ်ဝန်းကျင်ဒေသ ဖြစ်သည့်  KNU ၏  မူတြော်ခရိုင်၊ နိုဖော်ထီးကျေးရွာတွင် ကျင်းပသည့်  အခမ်းအနားအပြီး ပျော်ပွဲရွင်ပွဲနှင့် အားကစားပွဲကို စစ်ကောင်စီက ဗုံကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး လူသိရှင်ကြား ရည်ရွယ်ချက်ရှိရှိဖြင့် စော်ကားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ကရင်လူမျိုးများ အထွတ်အမြတ်ထားရာ ကရင်နှစ်သစ်ကူးပွဲတော်ကို ဂုဏ်သိက္ခာညိုးနွမ်းစေပြီး ပွဲတော်တက်ရောက်သူများ သွေးစွန်းညစ်ထေး သေကြေပျက်စီးစေရန် ရည်ရွယ်သည့်လုပ်ရပ်ဖြစ်သည်ဟု  KNU  ထုတ်ပြန်ချက်တွင် ရေးသားထားသည်။  ထိခိုက်မှုအခြေအနေကို ကြေညာချက်တွင် ထည့်သွင်းမထားသော်လည်း အခမ်းအနားအပြီး ပျော်ပွဲရွှင်ပွဲနှင့် အားကစားပွဲကျင်းပသည့်နေရာ တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီ တာဝန်ရှိသူတို့ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း […]

မြန်မာရေတပ်ရဲ့ ထိုင်းတံငါလှေ တိုက်ခိုက်မှုကို ထိုင်းအစိုးရ ကန့်ကွက် – Ayeyarwaddy Times

ဖမ်းဆီးခံထားရတဲ့ ထိုင်းတံငါသည် (၄) ဦးကို ချက်ချင်း လွှတ်ပေးဖို့ တောင်းဆို) ဧရာဝတီတိုင်းမ်ဒီဇင်ဘာ ၂ ရက် မြန်မာရေတပ်ရဲ့ ငါးဖမ်းလှေတစ်စင်းနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ထိုင်းတံငါသည် (၄) ဦး လွတ် မြောက်ရေးအတွက် ထိုင်းအာဏာပိုင်တွေက စေ့စပ်ညှိနှိုင်းနေသလို သောကြာနေ့မနက်အစောပိုင်းက ငါးဖမ်းလှေ (၁၅) စင်းကို သေနတ်နဲ့တိုက်ခိုက်မှုအား ကန့်ကွက်လျက်ရှိပါတယ်။ ထိုင်းတံငါသည် (၄) ဉီး လွတ်မြောက်ရေးအတွက် မြန်မာအာဏာပိုင်တွေနဲ့ စေ့စပ်ညှိနှိုင်းဖို့ ကာ ကွယ်ရေးဝန်ကြီး Phumtham Wechayachai က ထိုင်း-မြန်မာနယ်ခြားကော်မတီမှ ထိုင်းတာဝန်ရှိသူတွေ ကို ညွှန်ကြားခဲ့တယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ သာနာတစ်ဆာဝမ်ဆန်က ပြောပါတယ်။ မြန်မာရေတပ်က ထိုင်းတံငါသည် (၄) ဉီးနဲ့ မြန်မာရေလုပ်သား ၂၇ ဉီးကို ဖမ်းဆီးကာ ဇာဒက် ကြီးကျွန်းသို့ […]