#Local_NewsPublished 16 January 2025 ▪️ EPS-TOPIK ကုန်ထုတ်လုပ်ငန်း (ဒုတိယအသုတ်)စာမေးပွဲများ ဖေဖော်ဝါရီလတွင် စတင်ဖြေဆိုရမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ၏ ထုတ်ပြန်ချက်အရသိရသည်။ ▪️ ထုတ်ပြန်ချက်အရ ဖြေဆိုမည့်ဦးရေ ၃၇၉၅၇ ဦးရှိပြီး စာမေးပွဲများကို ဖေဖော်ဝါရီ၊ မတ်၊ ဧပြီနှင့် မေလများတွင် ဖြေဆိုရမည်ဖြစ်ကြောင်း၊ ကိုရီယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် ဖြေဆိုခဲ့သည့် EPS TOPIK ကုန်ထုတ်လုပ်ငန်း ပထမသုတ် စာတွေ့စာမေးပွဲကို ဇွန် ၃ ရက်မှ အောက်တိုဘာ ၁၅ ရက်ထိ (ထပ်တိုးဖြေဆိုသူများအပါအဝင်) ဖြေဆိုခဲ့ရပြီး စုစုပေါင်းဖြေဆိုသူဦးရေ ၄၈၀၀၀ တွင် စာတွေ့အောင်မြင်သူဦးရေ ၅၅၄၀ ရှိခဲ့ကြောင်း သိရသည်။ ▪️ ထိုစာတွေ့အောင်မြင်သူဦးရေ ၅၅၄၀အနေဖြင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ […]
၂၀၂၄ ခုနှစ် ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ (EPS-TOPIK) နှင့် Skills Test (ကုန်ထုတ်လုပ်ငန်း ပထမအ သုတ်နှင့် ဝန်ဆောင်မှုလုပ်ငန်း အုပ်စု-၁) အောင်မြင်ပြီးသူ များကို အလုပ်လျှောက်လွှာခေါ်ယူသွားမည်ဖြစ်ကြောင်း အ စိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA) မှ အသိပေးကြေညာထားသည်။ ဖော်ပြပါ အလုပ်နေရာများအတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ၊ နောက်ဆုံးရက်သတ္တပတ် (သို့မဟုတ်) ၂၀၂၅ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ဆောင်ရွ က်သွားမည်ဖြစ်ကြောင်း သိရသည်။ (၁၆) ကြိမ်မြောက် ကိုရီးယားဘာသာအရည်အချင်းစစ်စာ မေးပွဲ (EPS-TOPIK) နှင့် Skills Test (ကုန်ထုတ်လုပ်ငန်း ပထမအသုတ်နှင့် ဝန်ဆောင်မှုလုပ်ငန်း အုပ်စု-၁) စာမေးပွဲကို ပြီးခဲ့သည့် အောက်တိုဘာလတွင် ဖြေဆိုခဲ့ခြင်းဖြစ်သ ည်။ ကိုရီးယားနိုင်ငံမှ ကုန်ထုတ်လုပ်ငန်း၊ […]