ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်းက ကန့်ဘလူမြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသည့် တပ်မတော်+ပြည်သူ့စစ်(ကန့်ဘလူ) ပူးပေါင်းအဖွဲ့သည် တောင်ယာဆိပ်ရွာ၏ အနောက်မြောက်ဘက် မီတာ ၈၀၀၀ ခန့်အကွာတွင် အကြမ်းဖက် PDF ၁၀ ဦးနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ –(၁) လက်လုပ်သေနတ် (၁)လက်(၂) လက်လုပ်မိုင်း (၅၀)လုံး(၃) ရီမုမိုင်းဆားကစ် (၅)ခု(၄) ကျည်ကာအင်္ကျီ (၃)ထည်(၅) ပြောက်ကျားဦးထုပ် (၁)လုံး(၆) ဟန်းကော (၅)လုံး(၇) ၅ ယောက်အိပ်တဲ(၂)လုံး(၈) မှတ်စုစာအုပ်များ သိမ်းဆည်းရရှိခဲ့ပါသည်။ Source link
ဒီဇင်ဘာလ ၁၆ ရက် နံနက် ၇ နာရီခန့်က ကန့်ဘလူမြိုနယ် မကျီးကုန်းရွာအနီး နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲ့များသည် မကျီးကုန်းရွာအနီး ရောက်ရှိစဉ် အကြမ်းဖက် PDF များနှင့် ထိတွေ့မှုဖြစ်ခဲ့ရာ ဖြစ်စဉ်အတွင်းမှ- အကြမ်းဖက် PDF -၂ လောင်း M-22 သေနတ် -၁ လက် ကျည်အိမ် -၃ ခု Drone -၂ စီး Drone Gun -၂ လက် ကျည် -၉၀ တောင့် လက်ပစ်ဗုံး -၅ လုံး ကျည်ကာဦးထုပ် -၃ လုံး ကျည်ကာအင်္ကျီ -၁ ထည်-KIA ကျောပိုးအိတ် -၁ လုံးတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။ Source link
ယနေ့(နိုဝင်ဘာ ၁၈)နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကျီကျင်းရွာအနီး ခရီးသည်တင်ယာဉ်တန်း ဒရုန်းဖြင့်ဗုံးကြဲချတိုက်ခိုက်ခံရသဖြင့် ခရီးသည်လေးဦးထက်မနည်း သေဆုံး၊ ရှစ်ဦးခန့်ဒဏ်ရာရခဲ့သည်၊ စစ်ကောင်စီတပ်၏ လက်ချက်ဖြစ်နိုင်သည်ဟု ဒေသတွင်းလက်နက်ကိုင်အဖွဲ့များက ပြောသည်။ ကန့်ဘလူတောင်ပိုင်း၊ ရွှေဘို – မြစ်ကြီးနားလမ်းပေါ် တိုက်ခိုက်မှုအတွင်း သေဆုံးသူများထဲတွင် ရဟန်းတစ်ပါး ပါဝင်သလို ဒဏ်ရာရသူများအနက် နှစ်ဦးမှာစိုးရိမ်ရကြောင်း၊ ခရီးသည်တင်ယာဉ်နှစ်စီး ထိမှန်ခဲ့ပြီး ငွေတိုးမန်းယာဉ်လိုင်းမှ မော်တော်ယာဉ် ဆိုးဆိုးရွားရွား ပျက်စီးသည်အထိ တိုက်ခိုက်နမှု ပြင်းထန်ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းအရင်းအမြစ်က ဆိုသည်။ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ရာလမ်းဖြစ်သည့် ရွှေဘို – မြစ်ကြီးနား လမ်းပိုင်းသည် ဆက်သွယ်ရေးအရ အချက်အချာကျပြီး ကန့်ဘလူမြို့နယ်အတွင်း ဖြတ်သန်းသွားသည့် ထိုလမ်းပိုင်း အချို့နေရာများတွင် တော်လှန်ရေးအင်အားစုက နယ်မြေစိုးမိုးထားသည်။ ထိုတိုက်ခိုက်မှုသည် ကျီကျင်းရွာ အနောက်မြောက်ဘက် ခြောက်မိုင်ခန့်အကွာ ဇီးကုန်းမြို့ […]
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရွာများကို လိုက်လံမီးရှို့နေသည့် စစ်ကောင်စီစစ်ကြောင်းက ဒေသခံ ၃၇ ဦးကို ဖမ်းထားပြီး ယနေ့ (နိုဝင်ဘာ ၁) တွင်လည်း ကျေးရွာတစ်ရွာကို မီးရှို့နေကြောင်း ဒေသခံများထံက သိရသည်။ ထိုလက်နက်ကိုင် အင်အား ၁၅၀ ခန့်မှာ အောက်တိုဘာ ၃၀ ရက်နေ့က ကန့်ဘလူမြို့ အမှတ် (၆၀၀၆) တင့်ကားတပ်မှ ကား ၃ စီးဖြင့် ထွက်လာခြင်းဖြစ်ပြီး စစ်သားများ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးများ ပါဝင်သည်၊ မြို့တောင်ဘက် ကာဘိုးကျေးရွာမှ တဆင့် ထိုရွာအရှေ့ဘက် ကပ်လျက်ရှိ အိုင်ပေါင်းချောင်ရွာ၊ ကျီစုရွာတို့ကို စီးနင်းခဲ့ခြင်းဖြစ်သည်။ အိုင်ပေါင်းချောင်ရွာသို့ ရောက်စဉ် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် ရွာခံများအနက် လူငယ်နှင့် လူလတ်ပိုင်း အမျိုးသား ၃၄ […]