သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် ထမ်းစမ်းဂူတွင် ပြန်လည်ထူထောင်ရေးကာလ၌ အခက်အခဲကြားမှ ပွဲတော်ပြန်လည်ကျင်းပခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၃၁ ရက်)တွင် ဟိုပုံးမြို့နယ် ထမ်းစမ်းကျေးရွာရှိ ထမ်းစမ်းဂူ ဘုရားပွဲတော်ကို ပြန်လည်ကျင်းပပြုလုပ်ခဲ့ပြီး မဲနယ်တောင်ကြောမှ ရေဘေးသင့် ကျေးရွာများ အပါအဝင် ရွာပေါင်း (၈၀) ကျော်မှ ဒေသခံများ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။ သဘာဝဘေးနှင့် စစ်ဘေးကြုံရသူများက အဆိုပါ ထမ်းစမ်းဂူ မီးထွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်ထက် ဒေသပြန်လည်ထူထောင်ရေးကို ပိုပြီး အာရုံစိုက်သင့်ကြောင်း၊ ဒုက္ခရင်ဆိုင်နေရသည့်ကြား ပွဲတော်ကျင်းပသည်မှာ အဆင်မပြေမှုများစွာ ရှိကြောင်း ပအိုဝ်းလူငယ် တစ်ဦးက ပြောသည်။ “ကိုးကွယ် ယုံကြည်မှု တစ်ခုလို့ပဲ မြင်တယ်ပေါ့လေ။ ဒါပေမယ့် ကိုယ်တွေက ဒီလို ရေဘေးဖြစ်လိုက်၊ စစ်ဘေးဖြစ်လိုက်နဲ့ သောကမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အချိန်မှာ […]