ylliX - Online Advertising Network

ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံးမှ ကြီးမှူးကျင်းပသော တရုတ်နှစ်သစ်ကူးပွဲတော်တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ယဉ်ကျေးမှုပြခန်း၊ ယဉ်ကျေးမှု အနုပညာများဖြင့် ပါဝင် (၂၆-၁-၂၀၂၅ ရက်)

(၂၆-၁-၂၀၂၅ ရက်၊ ကူမင်း) မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့သည် ကူမင်းမြို့ရှိ၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော တရုတ်နှစ်သစ်ကူးပွဲတော်တွင် ယဉ်ကျေးမှုအနုပညာပြခန်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာများဖြင့် ပါဝင်ဆင်နွှဲခဲ့ပါသည်။  အဆိုပါယဉ်ကျေးမှုပွဲတော်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးတို့အကြား စီးပွားရေး၊ လူမှုရေးပိုမိုတိုးတက်လာစေရန်၊ ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ရန်နှင့် ယဉ်ကျေးမှုဖလှယ်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ယူနန်နိုင်ငံခြားရေးရုံးနှင့် ယူနန်ပြည်နယ်အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ မိမိတို့နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုနှင့် ပတ်သက်သည့် အနုပညာပစ္စည်းများ၊ အစားအသောက်များကို ပါဝင်ပြသခဲ့ပြီး၊ အနုပညာဖျော်ဖြေတင်ဆက်မှု၌ နိုင်ငံအလိုက် မိမိတို့ရိုးရာ တေးသီချင်း၊ ယဉ်ကျေးမှုအကများဖြင့် ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့်လည်း မြန်မာပြခန်း၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာပစ္စည်းများကို ခင်းကျင်းပြသခဲ့ပြီး၊ မြန်မာ့ရိုးရာလက်ဖက်သုပ်၊ ထိုးမုန့်နှင့် မြန်မာလက်ဖက်ရည်တို့ကို မိတ်ဆက်ပေးခဲ့ပြီး၊ […]

ပဲခူးမြို့၌ တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်ပွဲ (ပထမနေ့ည) ကျင်းပ

ပဲခူး၊ ဇန်နဝါရီ ၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်ပူဇော်ပွဲ (ပထမနေ့ည)ကို ဇန်နဝါရီလ(၁)ရက်နေ့ ညပိုင်းအချိန်က ပဲခူးမြို့၊ ဆုတောင်ပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ကျင်းပပြုလုပ်သည်။ အဆိုပါ နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်ပူဇော်ပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအမှူးပြုသော အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ပဲခူးမြို့ပေါ်ရပ်ကွက်အသီးသီးမှ ပြည်သူများလာရောက်၍ တရားတော်နာယူကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တရားနာပရိတ်သတ်များက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်၊ ပဲခူးမြို့၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ တိုက်အုပ်(စာချ)၊ သာသနာ့ဓဇဓမ္မာစရိယ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသုန္ဒရထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်မှ “သဗ္ဗမင်္ဂလာတရားတော်” တရားခေါင်းစဉ်ဖြင့် ဟောကြားတော်မူခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် စီးပွားရေးရာဝန်ကြီးဦးတင်ဦးတို့မှ ဓမ္မပူဇာအလှူငွေများအား ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချ အမျှအတမ်းပေးဝေခဲ့ကြကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နှစ်သစ်ကူးတရားအလှူတော် […]