(၁၀-၁-၂၀၂၅ ရက်၊ ကူမင်း) မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းသည် ကူမင်းမြို့၊ Green Lake Hotel ၌ ၁၀-၁-၂၀၂၅ ရက်တွင် ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၊ ယူနန်ပြည်နယ် ပြည်ပချစ်ကြည်ရေးအသင်းနှင့် ကူမင်းမြို့အခြေစိုက် ဗီယက်နမ်ကောင်စစ်ဝန်ချုပ်ရုံးတို့မှ ကျင်းပပြုလုပ်သည့် တရုတ်-ဗီယက်နမ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ CPPCC ယူနန်ပြည်နယ်၊ ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ H.E. He Lianghui ၊ ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံးမှ ညွှန်ကြားရေးမှူးချုပ် Mr. Yang Shaocheng ၊ ကူမင်းမြို့အခြေစိုက် ဗီယက်နမ်ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Mr. Hoang Minh Son ၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရမှ […]
( ၄-၁၂-၂၀၂၄ ရက်၊ ကူမင်း) မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းသည် ကူမင်းမြို့၊ Shangri-la Hotel ၌ ၄-၁၂-၂၀၂၄ ရက်တွင် ကူမင်းမြို့အခြေစိုက် ထိုင်းနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကျင်းပသည့် ထိုင်းနိုင်ငံ၏ အမျိုးသားနေ့၊ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်ဂျ်၏ မွေးနေ့နှင့် Thailand’s Father’s Day အခမ်းအနားသို့ ပါဝင် တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရမှ တာဝန်ရှိသူများ၊ ကူမင်းမြို့အခြေစိုက် ကောက်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ ******************************* Source link
နေပြည်တော်၊ နိုဝင်ဘာ ၆ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြု လုပ်မည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး အပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန်ရောက်ရှိနေသည့် ဝန်ကြီးချုပ်များနှင့် တွေ့ဆုံဆွေးနွေးသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် ယနေ့နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် H.E. Mr. Hun Manet နှင့်အဖွဲ့ဝင်များအား Green Lake ဟိုတယ်၌လည်းကောင်း၊ လာအိုနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Sonexay Siphandone နှင့်အဖွဲ့ဝင်များအား HUALUXE Kunming ဟိုတယ်၌ လည်းကောင်း သီးခြားစီတွေ့ဆုံဆွေးနွေးသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယား၊ လာအို နိုင်ငံတို့အကြား ချစ်ကြည် ရင်းနှီးမှုနှင့် […]