ylliX - Online Advertising Network

ဆောင်းရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားပေးသင့်တာလေးများ

ဆောင်းရာသီမှာ အဖျားအနာကင်းစေဖို့ဆိုရင် အရေးကြီးတဲ့ အချက်တစ်ခုက ကိုယ်ခံအား ကောင်းစေဖို့ပါ။ အအေးပိုတာကြောင့် ဖျားနာလွယ်တဲ့ ဆောင်းရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားပေးသင့်တာတွေ ရှိပါတယ်။ ကိုယ်ခံအားကောင်းစေဖို့ ဘယ်လို အစားအသောက်တွေကို စားပေးရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဆောင်းရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားပေးသင့်တာလေးများ ဆောင်းရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ ဆိုရင် နေ့စဉ် စားသုံးမှုမှာ ထည့်သွင်းစားသုံးပေးသင့်တာတွေကတော့ –  ပန်းဂေါ်ဖီစိမ်း  ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် C၊ သတ္တုဓာတ်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်သလို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။  အယ်လ်မွန်စေ့ အယ်လ်မွန်စေ့မှာ ဗီတာမင် E နဲ့ ကောင်းကျိုးပြု အဆီတွေ ပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေဖို့ရော ဆောင်းရာသီမှာ အသားအရေခြောက်သွေ့မှု ကင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။  ဟင်းနုနွယ်ရွက်  ဟင်းနုနွယ်ရွက်မှာ […]