ကယ်လီဖိုးနီးယား တောမီးကို ငြှိမ်းဖို့ ဝေဟင်ကနေ ဖြန်းတဲ့ အနီရောင်၊ လိမ္မော်ရောင် ဆေးတွေဟာ အရောင်ဆိုးထားတဲ့ မီးလျှံတားတဲ့ ဆေးတွေ ဖြစ်ပြီး သဘာဝဝန်းကျင် ထိခိုက်မှုနည်းအောင် လုပ်ထားတယ်လို့ ဒေါက်တာခင်မောင်ညိုက ပြောပါတယ်။ ဒီမီးတားဆေးတွေက လူတွေအတွက်ဘာ အန္တရာယ်ပေးနိုင်ပါသလဲ။ Source link
အမေရိကန်လို အအေးပိုင်းဒေသမှာ ဆောင်းရာသီ အေးခဲပြီး ရေငွေ့ကင်းတဲ့ ခြောက်သွေ့မှုကနေ ပြင်ပလေ အစားထိုးပြီး လေပြင်းတိုက်ခတ်တဲ့ အခါ အပူ – မီးစ တခုရှိတာနဲ့ မီးလောင်မှုကို ဖြစ်ပွါးတယ်လို့ ဒေါက်တာခင်မောင်ညိုက ပြောပါတယ်။ အမေရိကန် အနောက်ပိုင်း ကယ်လီဖိုးနီးယားက တောမီးဟာ သေဆုံးမှုနဲ့ ပျက်စီးမှုဘာ့ကြောင့် များရတာပါလဲ။ ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။ Source link
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မှာ တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၁ ယောက်ကနေ ၁၆ ယောက်အထိ တိုးလာကြောင်း ဆေးဖက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးရုံးက အတည်ပြုလိုက်ပါတယ်။ အသစ်တိုးလာတဲ့ ၅ ယောက်ဟာ Palisades အရပ်က မီးလောင်မှုမှာ သေဆုံးသူတွေဖြစ်ပြီး၊ ကျန် ၁၁ ယောက်ကတော့ Eaton အရပ်က မီးလောင်မှုမှာ သေဆုံးတာလို့လည်း စနေနေ့ညနေပိုင်းမှာ အတည်ပြုလိုက်တာပါ။ တောမီး အကြီးအကျယ် ဆက်လက်လောင်ကျွမ်းနေတာကို ထိန်းချုပ်ဖို့ မီးသတ်သမားတွေ ဆက်လက်ကြိုးပမ်းနေတဲ့ တချိန်တည်းမှာပဲ လေတိုက်နိုင်တယ်လို့ ခန့်မှန်းထားတာကြောင့် မီးလောင်မှု ဆက်လက်ပျံ့နှံ့မယ့် အန္တရာယ်လည်း ကြုံနေရပါတယ်။ အမေရိကန် အမျိုးသား မိုးလေဝသဌာနကတော့ စနေနေ့ကနေ တနင်္လာနေ့ နှောင်းပိုင်းအထိ တနာရီလေတိုက်နှုန်း ၄၈ ကီလိုမီတာကနေ လေပြင်းကျချိန်မှာ ၁၁၂ […]
[Unicode] အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ တောင်ပေါ်မြို့လေးမှာ ဝန်းကျင်ရှိ အခြားသော tourist hotspot များထက် တမူကွဲထွက်နေသောကြောင့် လည်ပတ်ရန် ကျော်ကြားသည့်နေရာဖြစ်လာသည်။ အိုင်ဒဲဝိုင်း (Idyllwild) ဟုအမည်ရသောမြို့လေးဖြစ်ပြီး San Jacinto တောင်တန်းပေါ်တွင် တည်ရှိကာ လော့စ်အိန်ဂျလိမြို့မှ ၂ နာရီခရီးခန့် ဝေးကွာသည်။ လူဦးရေ ၄၀၀၀ ခန့်သာရှိသောမြို့လေးဖြစ်သည်။ အိုင်ဒဲဝိုင်းတွင် နှင်းလျှောစီး အပန်းဖြေစခန်းမရှိ၊ Starbuck ဆိုင်များမရှိ၊ မီးပွိုင့်များမရှိကြောင်း SFGates က ဖော်ပြသည်။ အသက် ၃၀ အရွယ်ရှိ ဒေသခံတစ်ဦးဖြစ်သူ Chris Perreault က SFGates သတင်းဌာနသို့ “ဒီအနေအထားကို ကျွန်တော်တို့ သဘောကျပါတယ်။ မြို့ငယ်လေးဖြစ်တာ ကျွန်တော်တို့ကြိုက်တယ်။ တမျိုးတဘာသာ ကွဲပြားတာကို ကြိုက်တယ်။ ကျွန်တော်တို့က မြို့ကြီးဖြစ်မှာကို မကြိုက်ပါဘူး” […]