ylliX - Online Advertising Network

ရမ်းဗြဲကျွန်းကို လေတပ် ဗုံးကြဲ၊ သေဆုံးသူ ၄၀ ကျော်ရှိ

တရုတ် – မြန်မာသဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်ရာ ရမ်းဗြဲကျွန်းပေါ်ရှိ ကျောက်နီမော်ကျေးရွာကို ယမန် နေ့ (ဇန်နဝါရီ ၈) မွန်းလွဲ ၁ နာရီခန့်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်  သေဆုံးသူ၊ ဒဏ်ရာရသူ များပြားကြောင်း ဒေသခံတချို့ထံက သိရသည်။  သေဆုံးသူများထဲတွင် ကလေးများ ပါဝင်ကြောင်း အခင်းဖြစ်နေရာကို သွားရောက်ကူညီနေသော ရမ်းဗြဲဒေသခံတစ်ဦးက ပြောသည်။  “ကလေးတွေရောပါတယ် ။ သေတာက ၄၁ ဦး သေတယ်။ ဒဏ်ရာရတာက ကနဦး သိရတာက ၅၂ ယောက်၊ ဒီထက်များဖို့ ဖြစ်တယ်။ မနေ့ညက တစ်ညလုံးရှုပ်ယှက်ခတ်နေလို့။ ဒဏ်ရာရလူက ဒီထက်များဖို့ပဲ ရှိတယ်” ဟု ထိုသူက ယနေ့ နံနက်ပိုင်းတွင် ပြောသည်။  “လောလောဆယ်က ဆေးဝါးတွေ၊ အရက်ပျံတွေပါ ပြတ်တောက် သွားလို့ […]

ရေဦး-တန့်ဆည် အစပ်သို့ စစ်ကြောင်းထိုးနေသည့် စစ်တပ်က ယနေ့ နံနက်ပိုင်းမှစ၍ ကျေးရွာ ၅ ရွာကို ဆက်တိုက် မီးရှို့ ဖျက်ဆီးနေ – Khit Thit Media

ရေဦး-တန့်ဆည် အစပ်သို့ စစ်ကြောင်းထိုးနေသည့် စစ်တပ်က ယနေ့ နံနက်ပိုင်းမှစ၍ ကျေးရွာ ၅ ရွာကို ဆက်တိုက် မီးရှို့ ဖျက်ဆီးနေ ရန်ကုန်၊ နိုဝင်ဘာ ၁၇ စစ်ကိုင်းတိုင်း၊ ရေဦး-တန့်ဆည် အစပ်သို့ စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်ပိုင်းမှစ၍ ကျေးရွာ ၅ ရွာကို ဆက်တိုက် စစ်ကြောင်းထိုးမီးရှို့ ဖျက်ဆီးနေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၇ နာရီခန့်အချိန်စတင်ပြီး ရေဦးမြို့နယ် မြောက်ခြမ်းရှိ ရွာဗုကြီးနှင့် ဆီဆုံရွာတို့၌ တပ်စွဲထားသော အင်အား ၁၈၀ […]

တန်ဆောင်တိုင် ပံ့သကူ ပစ်ခြင်းနဲ့ တာဝန်မဲ့ စိတ်ထားများ၊ မိုးမောက်မြို့နယ်ထဲက ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ၉ ဦး သေဆုံး

(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၂၄⁨⁨⁨⁨⁨⁨ တန်ဆောင်တိုင် ပံ့သကူ ပစ်ခြင်းနဲ့ တာဝန်မဲ့ စိတ်ထားများ၊ မိုးမောက်မြို့နယ်ထဲက ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ၉ ဦး သေဆုံး ရန်ကုန်မြို့ တန်ဆောင်တိုင်ပွဲတော်ရာသီတွေမှာ လုပ်ဆောင်လေ့ရှိတဲ့ အလေ့အထ တခုက ပံ့သကူ ပစ်ခြင်းလို့ ခေါ်တဲ့ ကားလမ်းတလျှောက် ငွေကြေးစွန့်ကြဲတဲ့ အလေ့အထဖြစ်ပါတယ်။ ဒီအလေ့အထက သိပ်မဝေးတဲ့ နှစ်ကာလတွေကျမှ ပေါ်ပေါက်လာတဲ့ အလေ့အထဖြစ်ပြီး ရှေးတုန်းက ပံ့သကူ အဖြစ်စွန့်ကြဲတယ်ဆိုတဲ့ အခေါ်အဝေါ်အပေါ် အခြေခံပေမယ်လို့ လုပ်ကိုင်ပုံနည်းလမ်းတော့ မတူပါဘူး။ ရှေးအစဥ်အလာ ပံ့သကူစွန့်ကြဲခြင်းက ပေးကမ်းသူက ဘယ်သူဘယ်ဝါဆိုတာ မသိရစေဘဲ တနေရာရာမှာ ထားခဲ့တဲ့သဘောမျိုး ဖြစ်ပြီး အခုလို တန်ဆောင်တိုင်ပွဲတော်ရက်မှာ ကားနဲ့ ပစ်ချစွန့်ကြဲတာမျိုး မဟုတ်ပါဘူး။  တန်ဆောင်မုန်းလပြည့် ပွဲတော်ကာလရက်တွေမှာ အခုလို ပံ့သကူ […]

ကန့်ဘလူမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး အိုင်ပေါင်းချောင်ရွာမှ ပြည်သူများကို  ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မဟုတ်မမှန် လုပ်ကြံရေးသား ဝါဒဖြန့်ဝေလျက်ရှိ

ကန့်ဘလူမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး အိုင်ပေါင်းချောင်ရွာမှ ပြည်သူများကို  ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မဟုတ်မမှန် လုပ်ကြံရေးသား ဝါဒဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာလ ၃၁ ရက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၃၀ ရက်နေ့က ကျေးရွာ ၂ ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပြီး အိုင်ပေါင်းချောင်ရွာမှ ပြည်သူ ၃၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင် သွားကာ မုံလှရွာရှိ ခရစ်ယာန် ဘုရားကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲဖျက်ဆီးခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဝါဒဖြန့်ဝေလျက်ရှိ ကြောင်း တွေ့ရှိရသည်။      အဆိုပါ သတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းချက်အရ အဆိုပါသတင်းမှာ မှန်ကန်မှုမရှိကြောင်းနှင့် အဆိုပါရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက […]

DEMU ရထားဖြင့် ပြေးဆွဲသည့် ရန်ကုန်-ပဲခူး ကြားရှိ ဘူတာ(၁၂)ခုတွင် လက်တန်းပါ သံလှေကားများ စီစဉ်ထားရှိ

Credit to Popular Journal – မြန်မာ့မီးရထားအနေဖြင့် ခေတ်မီလေအေးပေးစက်ပါ (DEMU) ရထားတွဲဆိုင်းများ အသုံးပြုပြေးဆွဲပေးနေသည့် ရန်ကုန် – ပဲခူး ခရီးစဉ်ကို လိုက်ပါစီးနင်းသည့် ခရီးသည်များ အတက်အဆင်း အန္တရာယ်မရှိစေဘဲ အဆင်ပြေစေရန် ဘူတာများ၌ လက်တန်းပါ သံလှေကားများ စီစဉ်ထားရှိကြောင်း သိရသည်။ မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူအဆင်ပြေချောမွေ့စေရေး ရထားလမ်းပိုင်း အသီးသီးတွင် လူစီးရထားများ ပြေးဆွဲဆောင်ရွက်ပေးလျက်ရှိပြီး ပဲခူးမြို့တွင်းနှင့် ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု မရှိဘဲ အချိန်တိုအတွင်း ရောက်ရှိစေကာ ဈေးနှုန်းသက်သာစွာ စီးနင်းနိုင်မှုကြောင့် ရထားစီး ခရီးသည် စီးနင်းမှုများပြားလျက်ရှိကြောင်း သိရသည်။ အဆိုပါ DEMU ရထားတွဲဆိုင်းများ ပြေးဆွဲသည့် လမ်းခရီးတလျှောက်ရှိ ဘူတာ(၁၂)ခု၌ လက်တန်းပါ သံလှေကားများ ပြုလုပ်တပ်ဆင်ပေးထားပြီး ရထား ဆိုက်ရောက်/ထွက်ခွာချိန်များ၌ […]