သထုံ၊ ဒီဇင်ဘာ ၃၀ ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်နေ့၌ ကျရောက်သည့် ကရင်နှစ်သစ်ကူးပွဲတော်ကို မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ကရင်အမျိုးသားခန်းမ၌ ယနေ့ နံနက်က မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့်အနေဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ နှစ်သစ်ကူးပွဲတော်ကျင်းပရာတွင် ရှေးဦးစွာ နံနက်အရုဏ်တက်အချိန်၌ သံယာတော်များအား ဆွမ်းဆက်ကပ်ပြီး တရားနာယူခြင်း၊ တက်ရောက်လာကြသည့် တိုင်းရင်းသားများစုပေါင်းကာ ကရင်အမျိုးသားအလံတော်ကို လွှင့်ထူအလေးပြုကြခြင်း၊ သထုံမြို့နယ်အတွင်းရှိ အသက်(၈၀)နှစ်နှင့်အထက် ကရင်တိုင်းရင်းသား သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ကြခြင်း၊ ၂၀၂၃-၂၀၂၄ ပညာ သင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ ယင်းနောက် သထုံမြို့နယ်၏ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်မုခ်ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးစိုးနှင့် ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နာယက ဦးစောစံတင်တို့က ဖဲကြိုးဖြတ် […]