နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှာ လူငယ် ၃၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ Khit Thit မှသတင်းအတုဖန်တီးရေးသားထားကြောင်း တွေ့ရှိရပါတယ်။ ဖြစ်စဉ်အမှန်>>>>> ဒီဇင်ဘာလ ၈ ရက်နေ့တွင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းပေါ်ရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်တွင် လာသမျှ ကား/ဆိုင်ကယ်များအား စစ်ဆေးခြင်းသာရှိပြီး လူငယ် ၃၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းမရှိကြောင်း ဒေသအတွင်းသတင်းများအရသိရှိရပါတယ်။ Khit Thit မှ အများပြည်သူများအထင်လွဲမှားအောင် လုံခြုံရေးအတွက်စစ်ဆေးနေခြင်းကို လုပ်ကြံဇာတ်လမ်းဖန်တီးပြီး တပ်မတော်က လူငယ် ၃၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ တမင်အပုတ်ချရေးသားထားခြင်းဖြစ်ပါတယ်။ Source link
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းက နေအိမ် ၂၀၀ ကျော်ကို တပ်မတော်က မီးရှို့ဖျက်ဆီးသွားတယ်လို့ RFA မှ သတင်းအတု ရေးသားထားတာပဲ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းရှိ ဂုတ်ကြီးကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် CDF များတိုက်ပွဲဖြစ်ပွားခဲ့ခြင်းသာရှိပြီး ကျေးရွာနေအိမ်များကို မီးရှို့ခဲ့ခြင်းမရှိကြောင်း ဒေသအတွင်းသတင်းများအရ သိရှိရပါသည် RFA မှ ဖြစ်စဉ်မရှိတာကို အများပြည်သူများအထင်လွဲမှားအောင် တမင်လုပ်ကြံဖန်တီးရေးသားထားခြင်းသာဖြစ်ပါတယ်။ Source link