ylliX - Online Advertising Network

ရာဇဝတ်မှု ကျူးလွန်သူ ၆ ဦးကို MNDAA က သေဒဏ်ချမှတ်ပြီး ချက်ချင်း ကွပ်မျက်

ရှမ်းမြောက် လောက်ကိုင်ဒေသမှာ ကိုးကန့်တပ် MNDAA ထိန်းချုပ်နယ်မြေအတွင်း ရာဇဝတ်မှု ကျူးလွန်သူ ၆ ဦးကို သေဒဏ်ချမှတ်ကာ ချက်ချင်း ကွပ်မျက်လိုက်တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။ဒီဇင်ဘာ ၅ ရက်နေ့က ရာဇ၀တ်မှုကျူးလွန်သူ ပြစ်ဒဏ်ချမှတ်နိုင်ရေး အများပြည်သူဆိုင်ရာ စီရင်ချက်ချခြင်း ညီလာခံကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။တရားခံတွေထဲမှာ အမျိုးသမီးတွေနဲ့ လူငယ်တွေပါဝင်တာတွေ့ရပြီး ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်း နဲ့ ရည်ရွယ်ချက်ရှိရှိ လူသတ်မှုဖြင့် သံသယရှိသူ ၁၄ ဦးကို လူသိရှင်ကြား စီရင်ဆုံးဖြတ်ခဲ့ပြီး ၎င်းအထဲမှ ၆ ဦးကို သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ပါတယ်။အဆိုပါ တရားစီရင်ချက်ချ ညီလာခံဟာ လူထုတည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုရှိစေဖို့ ရည်ရွယ်ပြီး စီရင်ချက်ချတာ ဖြစ်တယ်လို့ ဆိုပါတယ်။ Continue Reading Source link