ylliX - Online Advertising Network

AI နဲ့ ဖန်တီးထားတဲ့ ဒဏ်ရာရနေတဲ့ ခြင်္သေ့တစ်ကောင်ရဲ့ ဗီဒီယိုဖိုင်အတု

အခုပျံ့နှံ့လာတဲ့ဗီဒီယိုမှာတော့ မျက်မှာမှာ သမင်တစ်ကောင်ရဲ့ ဦးချိုစိုက်ဝင်နေတဲ့ ခြင်္သေ့တစ်ကောင်ရဲ့ ဗီဒီယိုကို Reaction ဗီဒီယို အဖြစ်ဖြန့်ဝေထာတာဖြစ်ပါတယ်။ ဒီအကြောင်းအရာကို Yaw Tha ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဖန်နဝါရီ ၅ ရက်နေ့မှာ စတင်ဖြန့်ဝေထားတာ ဖြစ်ပြီး ဝင်ရောက်ကြည့်ရှု့သူနဲ့ ထပ်ဆင့်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။ ဖြန့်ဝေရာမှာ မျက်မှာမှာ သမင်ဦးချိုစိုက်ဝင်နေတဲ့ ခြင်္သေ့တစ်ကောင်ရဲ့ စက္ကန့် ၃၀ နီးပါကြာ ဗီဒီယိုကလစ်တစ်ခုနဲ့အတူ ‘သားကောင်ဘုရင်ကြီးကိုပါ ပညာပေးလိုက်တဲ့တမင်’ ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားထားတာပါ။ ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ သတင်းဆန်းစစ်ချက် ဖြန့်ဝေနေတဲ့ ဗီဒီယိုကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ AI နည်းပညာနဲ့ ဖန်တီးထားတဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ကူးယူပြီး ဖြန့်ဝေထားတာ ဖြစ်တာကို တွေ့ရပါတယ်။ […]