မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးသေဆုံးကာ ၆ ဦးအပြင်းအထန်ဒဏ်ရာရတယ်လို့ Khit Thit မှ သတင်းအတုရေးသားထားကြောင်း သိရှိရပါတယ်။ ဖြစ်စဉ်အမှန်မှာ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းဇွန်-မြို့သာလမ်းပိုင်းတွင် တပ်မတော်ရဲ့ ဖောကားများ ဖြတ်သန်းသွားလာခဲ့ခြင်းမရှိကြောင်းဒေသအတွင်းသတင်းများအရသိရှိရပါတယ်။ အဆိုပါသတင်းအပေါ် Khit Thit မှ ဖြစ်စဉ်မရှိဘဲ စိတ်ကူးဖြင့် ဖောကားကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၄ ဦးသေပြီး ၆ ဦးအပြင်းအထန်ဒဏ်ရာရတယ်လို့ ပါးစပ်အာသာဖြေ သတင်းဖြင့် မဟုတ်မမှန်လုပ်ကြံရေးသားထားခြင်းဖြစ်ပါတယ်။ Source link
ဝက်လက်ရဲစခန်းက ဒုရဲအုပ်လင်မယား ဆေးသောက်ပြီး သေကြောင်းကြံလို့ အမျိုးသမီး ဖြစ်သူသေဆုံးတယ်လို့ မြေလတ်အသံမှ ဖန်တီးရေးသားထားကြောင်း တွေ့ရှိရပါတယ်။ ဖြစ်စဉ်အမှန်မှာ>>>>> ဝက်လက်မြိုမရဲစခန်းမှာ ဆေးသောက်ပြီး သေကြောင်းကြံစည်တဲ့ ဖြစ်စဉ်မရှိကြောင်း အတွင်းသတင်းများအရသိရှိရပါတယ်။ ပြည်ဖျက်မီဒီယာတွေက ဒီလိုမဟုတ်မမှန် သတင်းအပုပ်အသိုးတွေ များများလွှင့် များများရေးသားနိုင်လေ ဒေါ်လာများများရလေပဲဆိုတော့ လုပ်ကြံဖန်တီးရေးသားကြတာ အဆန်းတော့မဟုတ်ပါဘူး။ အဆင့်မရှိ ထင်ရာမြင်ရာ ရေးသားထားတဲ့ ဂျင်းသတင်းတွေနဲ့ အဆိပ်မမိစေဖို့ သတင်းမှန်အား ပြန်လည်ရေးသားဖော်ပြပေးခြင်း ဖြစ်ပါတယ်။ Source link