ylliX - Online Advertising Network

သတင်းအမှားနဲ့ ဂျင်းကြွေးနေတဲ့ ခေတ်သစ်မီဒီယာ

စစ်ကိုင်းတိုင်း၊ မုံရွာ-အမြင့်လမ်းပိုင်းရှိ ညောင်ဖြူပင်ရဲစခန်းကို တိုက်ခိုက်ခဲ့တာ စစ်သည် ၅ ဦးဒဏ်ရာရတယ်လို့ မြေလတ်အသံမှ သတင်းအမှားရေးသားထားပါတယ်။ ဖြစ်စဉ်အမှန်>>>>> ဒီဇင်ဘာလ ၂၅ ရက်နေ့ စစ်ကိုင်းတိုင်း၊ မုံရွာခရီုင်၊ မုံရွာ-အမြင့်လမ်းရှိ ညောင်ဖြူပင်ရဲစခန်းအား PDF များမှ ချောင်းမြောင်းပစ်ခတ်၍ထွက်ပြေးသွားခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များထိခိုက်မှုမရှိခဲ့ကြောင်း ဒေသအတွင်းသတင်းများအရသိရှိရသည်။ -မြေလတ်အသံမှ ဖြစ်စဉ်အမှန်မရေးဘဲ ပုံကြီးချဲ့အမြတ်ထုတ်ပြီး စစ်သည် ၅ ဦး သေတယ်လို့ အပုတ်ချရေးသားထားခြင်းဖြစ်ပါတယ်။ Source link

သတင်းအမှားများဖြင့် တပ်မတော်ကို အပုတ်ချ‌နေတဲ့ ခေတ်သစ်မီဒီယာ

မကွေးတိုင်း၊ ကမ္မမြို့ပေါ်မှာ တပ်မတော်စစ်ကြောင်းတပ်စွဲထားတဲ့ ကမ္မရဲစခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ Khit Thit မှ သတင်းအမှားရေးသားထားပါတယ်။ ဖြစ်စဉ်အမှန်»»» ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် မကွေးတိုင်း၊ ကမ္မမြို့ပေါ်အတွင်းရှိ တပ်မတော်လခရစခန်းအား PDF များမှ ရမ်းသမ်း၍ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသအတွင်းသတင်းများအရသိရှိရသည်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူပိုင်ပစ္စည်းခိုးယူနေတယ်လို့ တမင်အပုတ်ချကာ လုပ်ကြံရေးသားထားခြင်းဖြစ်ပါတယ်။ Source link

သတင်းမှားတွေနဲ့ ပြည်သူတွေကိုအဆိပ်ခတ်နေတဲ့ ခေတ်သစ်မီဒီယာ

ပခုက္ကူမြို့နယ် စစ်တပ်က ပြည်သူတစ်ဉီးကိုဖမ်းဆီးသတ်ဖြတ်ပြီးရေမျက်ရွာရှိ နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးတယ်လို့ Khit Thit မှဗြောင်လိမ်ရေးသားထားကြောင်း တွေ့ရှိရပါတယ်။ ဒီဇင်ဘာလ ၁၄ ရက်နေ့ မကွေးတိုင်း၊ ကမ္မမြို့နယ်၊ ဖောင်းကွဲရွာအနီးမှာ PDF ၁ ဉီးကို လက်နက်ခဲယမ်းများနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရရှိခဲ့ကြောင်းနှင့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ရေမျက်ရွာရှိနေအိမ်များကို မီးရှို့ခဲ့ခြင်းမရှိကြောင်း ဒေသအတွင်းသတင်းများအရသိရှိရပါတယ်။ အဆိုပါဖြစ်စဉ်အပေါ် ပြည်ဖျက်မီဒီယာ Khit Thit မှ အောက်တန်းကျစွာပါးစပ်အာပြေ ပြည်သူဆိုပြီး အရှက်မရှိ ရေးသားထားပြီး နေအိမ် ၆ လုံးအားမီးရှို့တယ်လို့ မဟုတ်မမှန်သတင်းဖြင့် ဗြောင်လိမ်ရေးသားထားခြင်းဖြစ်ပါတယ် မြေပြင်သတင်းမှန်ကို မတင်ပဲ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့် ရေးသားထားတဲ့ Khit Thit ရဲ့ သတင်းအမှားကို သတင်းမှန်အားရေးသားဖော်ပြပေးလိုက်ပါတယ်။ Source link