ylliX - Online Advertising Network

စလင်းမြို့နယ်၊ ခလရ ၂၅၃ တပ်ရင်းမှ ထွက်ပြေး တိမ်းရှောင်လာသည့် စစ်ကောင်စီ တပ်သား ၂ ဦး အလင်းဝင် – Khit Thit Media

စလင်းမြို့နယ်၊ ခလရ ၂၅၃ တပ်ရင်းမှ ထွက်ပြေး တိမ်းရှောင်လာသည့် စစ်ကောင်စီ တပ်သား ၂ ဦး အလင်းဝင် ရန်ကုန်၊ ဇန်နဝါရီ ၂၇ မကွေးတိုင်း၊ စလင်းမြို့နယ်၊ ခလရ ၂၅၃ တပ်ရင်းမှ ထွက်ပြေး တိမ်းရှောင်လာသည့် စစ်ကောင်စီ တပ်သား ၂ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း ဒေါင်းစစ်အောင် (LPDF) တာဝန်ခံ ကိုထူးလေးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် စလင်းမြို့နယ် ခလရ ၂၅၃ တပ်ရင်း အတွင်းမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ၂ ဦးသည် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဒေါင်းစစ်အောင် (LPDF) ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ခလရ […]

လွိုင်ကော်မြို့၊ ခလရ ၂၆၁ တပ်ရင်းမှ စစ်မှုထမ်းအဖြစ် စုဆောင်းခံရသူ တပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်ပြီး KNDF ထံတွင် အလင်းဝင် – Khit Thit Media

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ကရင်နီပြည်၊ လွိုင်ကော်မြို့အခြေစိုက်၊ ခလရ ၂၆၁ တပ်ရင်းမှ စစ်မှုထမ်း အဖြစ် စုဆောင်းခံရသူ တပ်သား ၁ ဦး လက်နက်ခဲယမ်း ယူ ဆောင်လာပြီး KNDF တပ်ရင်းထံ ခိုလှုံဝင်ရောက်ခဲ့ကြောင်း KNDF ဗဟိုက သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၂၀ ရက်နေ့ လွိုင်ကော်မြို့ အခြေစိုက် ခလရ ၂၆၁ တပ်ရင်းမှ တပ်သား ၁ ဦးသည် ရှေ့ တန်းစစ်ဆင်ရေးအတွင်း လက်နက်ခဲယမ်းများနှင့်အတူ ထွက်ပြေးလာခြင်းဖြစ်ကြောင်း၊ ထိုသို့အ လင်း ဝင်ရောက်ခဲ့သူမှာ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းအဖြစ် အဓမ္မစုဆောင်းခံရပြီး စစ်မှုထမ်း နေရသော စစ်ကောင်စီတပ်သား တစ်ဦးဖြစ်ကြောင်း သိရသည်။ အလင်းဝင်ရောက်ခဲ့သူ စစ်ကောင်စီတပ်သားနှင့်အတူ MA-11 အမျိုးအစား သေနတ် ၁ […]

ပူတာအို ခလရ ၄၆ တပ်ထဲက စစ်သားနှစ်ဦးသေနတ်နဲ့အတူထွက်ပြေး၊ တစ်ဦးပစ်သတ်ခံရ – Kachin News Group (KNG)

ပူတာအိုမြို့အခြေ စိုက် ခလရ ၄၆ တပ်ထဲက စစ်သားနှစ်ဦး သေနတ်နဲ့အတူ ထွက်သွားပြီးနောက် တစ်ဦး ပစ်သတ် ခံလိုက်ရတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးဟာ ပူတာအို လေဆိပ်လုံခြုံရေးအတွက် ကင်းစောင့်တာဝန်ကျစဥ် ထွက်ပြေးခဲ့တာဖြစ်ပြီး တစ်ဦးပစ်သတ်ခံရကာ ကျန်တစ်ဦးလွတ်မြောက်နေဆဲ ဖြစ်တယ်လို့ ပူတာအိုမြို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ပြေးတာက ပြီးခဲ့တဲ့ စနေနေ့တုန်းက ထွက်ပြေးသွားတာ လေဆိပ်လုံခြုံရေးအတွက်တောစပ်မှာ ကင်းပုန်းချထားတဲ့ချိန် နှစ်ယောက်စလုံး သေနတ်တွေနဲ့ ထွက်ပြေးသွားတာ တစ်ယောက်က မနေ့က မိသွားလို့ပစ်သတ်ခံလိုက်ရတယ်။ တစ်ယောက်က မမိသေးဘူး”လို့ ပြောပါတယ်။ ထွက်ပြေးသွားတဲ့ စစ်သားနှစ်ဦးကို ကျန်စစ်ကောင်စီတပ်သားတွေက မြို့တွင်းမြို့ပြင်မှာ လူစုခွဲ ရှာဖွေရာကနေ တစ်ဦးကို ဇန်နဝါရီ ၆ ရက်နေ့ မွန်းလွဲပိုင်းမှာ နာမ်ရှယ်ကျေးရွာ နဲ့ မလိခုံကျေးရွာအနီး တောစပ်တစ်နေရာမှာ တွေ့ရှိခဲ့တာဖြစ်ပြီးနေရာမှာပဲ ပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။ “တစ်ယောက်ကိုပဲ တွေ့တယ်တဲ့ သေနတ်နဲ့ပါတော့ အဲ့မှာပဲ တစ်ခါတည်း ပစ်သတ်လိုက်တာ။ မလိခုံရွာ ရောက်ခါနီး သံဘောင်တံတား […]

မင်းတပ်မြို့ ခလရ ၂၇၄က စခန်းစွန့်ပြေးတဲ့ စစ်ကောင်စီတပ်နဲ့မိသားစုဝင် ၁၂ဦးကို လက်နက်ခဲယမ်းအချို့နဲ့အတူ ဖမ်းမိ

ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ မြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၂၇၄က စခန်းစွန့်ပြေးတဲ့ တပ်နဲ့မိသားစုဝင် ၁၂ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဗျူဟာ (၈၁) ယောဗျူဟာက ဒီနေ့ ဒီဇင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။မင်းတပ်မြို့ ခလရ (၂၇၄) ကနေ စစ်ရှုံးပြီး စခန်းစွန့်ခွါ ထွက်ပြေးလာကြတဲ့ တပ်ကြပ် ဆန်းဦးအပါအဝင် တပ်သား ၈ဦးနဲ့ မိသားစုဝင် ၄ဦး စုစုပေါင်း (၁၂) ဦးကို ယောဗျူဟာက ဖမ်းဆီး ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။၎င်းတို့နှင့်အတူ စစ်သုံးပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ဦးနဲ့ မိသားစုဝင်တွေ လက်နက်ချအညံ့ခံခဲ့တယ်လို့ CDF မင်းတပ်က သတင်းထုတ်ပြန်ထားပါတယ်။မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ချင်းညီနောင် တပ်မတွေနဲ့ မဟာမိတ်တွေဖြစ်တဲ့ […]

တီးတိန်မြို့၊ ခလရ ၂၆၈ ၊ ခလရ ၂၆၉ နှင့်မြို့မ ရဲစခန်းမှ စစ်ကောင်စီတပ်သား ၄ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာမှု ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်မည် – Khit Thit Media

တီးတိန်မြို့၊ ခလရ ၂၆၈ ၊ ခလရ ၂၆၉ နှင့်မြို့မ ရဲစခန်းမှ စစ်ကောင်စီတပ်သား ၄ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာမှု ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်မည် ရန်ကုန်၊ ဒီဇင်ဘာလ ၂၁ ချင်းပြည်နယ်၊ တီးတိန်မြို့တွင်းမှ စစ်ကောင်စီတပ်သား ၄ ဦးအလင်းဝင်ရောက်လာပြီး လက်နက် ခဲ ယမ်းယူဆောင်လာနိုင်သည့် တပ်သား ၁ ဦးကို ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်သွားမည်ဖြစ်ကြောင်း CDF CDM SIYIN စစ်ဦးစီးချုပ် ထောင်းပူ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့က တီးတိန်မြို့တွင်း၌ တာဝန်ထမ်းဆောင်နေသော ခလရ ၂၆၈ တပ်ရင်းမှ တပ်သား စစ်ပိုင်ဖြိုး ၊ မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော တပ်သား […]