ချင်းပြည်နယ် ကန်ပက်လက်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဒီဇင်ဘာလ ၂၁ ရက် ညက ထွက်ပြေးသွား၍ ချင်းညီနောင်တပ်ဖွဲ့များမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့ကစ၍ မြို့အား ထိန်းချုပ်သိမ်းပိုက်ထားကြောင်း သိရသည်။ ကန်ပက်လက်မြို့ကို ဝင်သိမ်းရန် ပြင်ဆင်နေချိန်မှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထွက်ပြေးသွားကြောင်းနှင့် ၎င်းတို့ကို လိုက်လံရှာဖွေရှင်းလင်းနေကြောင်း ချင်းညီနောင်တာဝန်ရှိသူက ပြောဆိုထားသည်။ ကန်ပက်လက်မြို့ကို ထိန်းချုပ်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဖမ်းထားသော နိုင်ငံရေးအကျဉ်းသား ၄ ဦးကို ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ကန်ပက်လက်အခြေစိုက် ချင်းတော်လှန်ရေးအဖွဲ့ခေါင်းဆောင် ဆလိုင်းအောင်လင်းက ပြောသည်။ “၂ ဦးကတော့ တော်လှန်ရေးနဲ့ပတ်သက်တာတွေ လုပ်တဲ့အတွက်ကြောင့်။ ၁ ဦးကတော့ လမ်းမှာ စစ်ကြောင်းနဲ့တိုးလို့ အဖမ်းခံရတာ။ အဖမ်းခံရပြီး နှိပ်စက်တာတွေ။ လက်သည်းအခွံခွာ သံကို မီးပူ တိုက်ပြီးတော့မှ နှိပ်စက်တာတွေရှိတယ်။ နောက်တစ်ဦးကတော့ တော်လှန်ရေးမှာပါပြီးတော့ အိမ်မှာနေတဲ့အချိန် သတင်းပေး […]
မဟာမိတ်တပ်ဖွဲ့များဖြင့် မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေသော ချင်းညီနောင်တပ်ဖွဲ့သည် ချင်းပြည်နယ် မင်းတပ်နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများအား ဖမ်းဆီးရမိကြောင်း ယနေ့ နိုဝင်ဘာလ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။ ချင်းညီနောင်တပ်ဖွဲ့များသည် မဟာမိတ်အင်အားစုများနှင့် ပူးပေါင်း၍ ချင်းညီနောင်စစ်ဆင်ရေး CB အမည်ဖြင့် မင်းတပ်မြို့နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာလ ၉ ရက်နေ့ကစ၍ ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိသည်။ လက်ရှိတွင် စစ်ကောင်စီ၏ အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြားမှ ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ၏ ရွပ်ရွပ်ချွံချွံ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် မြို့ပေါ်ရှိ စစ်ကောင်စီအခြေချစခန်းများကို တိုက်ခိုက် သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ မင်းတပ်မြို့သိမ်း စစ်ဆင်ရေးတွင် မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် စံမင်းသီရိ စေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း(စံပြရပ်ကွက်)၊ ခရိုင်ဆောက်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့်စေတီကုန်း၊ […]