ylliX - Online Advertising Network

ဂျပန်ရထားများပေါ်၌ ဓားမတိုးသည့် ထီးများကိုအသုံးပြုမည် | Myawady Webportal

  ဂျပန်ရထားများပေါ်၌ ဓားမတိုးသည့် ထီးများကိုအသုံးပြုမည်        ဂျပန်နိုင်ငံ၌ ပြီးခဲ့သည့်နှစ်များအတွင်း ဓားထိုးတိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် နောင်တွင်အလားတူဖြစ်စဉ်များ ဖြစ်ပွားမှုကို ကာကွယ်နိုင်ရေးအတွက် ရထားများပေါ်၌ ဓားမတိုးသည့်ထီးများကို အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုထီးများကို ဓားသွားတိုးမပေါက်နိုင်သည့် ပစ္စည်းများဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး အလေးချိန်မှာလည်း ပေါ့ပါးကာ အသုံးပြုရ လွယ်ကူစေသောကြောင့် ခရီးသည်များအ‌နေဖြင့် ဓားထိုးတိုက်ခိုက်မှုများကို ကောင်းစွာကာကွယ် နိုင်စေမည်ဖြစ်သည် ဟု အနောက်ဂျပန် မီးရထားလိုင်းကုမ္ပဏီ ကပြောသည်။ ယင်းထီး၏ပုံစံမှာ သမားရိုးကျပုံစံသာ ဖြစ်သော်လည်း ဓားဖြင့်တိုက်ခိုက်သူထံမှ ခပ်ဝေးဝေးတွင် နေနိုင်စေရန် အရှည်ကို သာမန်ထက် စင်တီမီတာ ၂၀ ပိုရှည်ထားသည်။ ထို့အတူ ထီးရွက်က ဓားထိုးခံနိုင်သည် သာမက ထီးကိုပိုမိုတောင့်တင်းစေရန် ထီးကိုင်းများ ပိုထည့်ထားကြောင်း ကုမ္ပဏီက ပြောသည်။ လက်ရှိတွင် […]