ylliX - Online Advertising Network

ဂျပန်ကို သံမဏိမရောင်တော့ဘူးလို့ ဂျိုးဘိုင်ဒန် အမိန့်ချ – MyanmarNationalPost

ဒီဇင်ဘာ – ၃ (သောကြာနေ့ )  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အမေရိကန်သံမဏိကော်ပိုရေးရှင်းအား နိပွန်စတီးလ်ကော်ပိုရေးရှင်းထံ ဒေါ်လာ ၁၄.၁ ဘီလျံရောင်းချမှုအား ပိတ်ပင်ခဲ့ပြီး အမေရိကန်နှင့် ဂျပန်ကြား နိုင်ငံရေးမုန်တိုင်း နှင့် တင်းမာမှုများဖြစ်စေသည့် အရာတစ်ခု ပြုလုပ်ခဲ့ပါတယ်။  ဘိုင်ဒန်က လာမည့်သီတင်းပတ်အစောပိုင်းတွင် နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ အမေရိကန်လုံခြုံရေး ပြန်လည်သုံးသပ်ရေးအဖွဲ့က ၎င်းကို ရည်ညွှန်းပြောဆိုပြီးနောက် ၎င်း၏တရားဝင်ဆုံးဖြတ်ချက်ကို ဒီကနေ့ (သောကြာနေ့ ) တွင် ကြေညာခဲ့ပါတယ်။  “အမေရိကန် စတီးလ်သည် ကမ္ဘာပေါ်တွင် အကောင်းဆုံးဖြစ်လို့  အမေရိကန်ပြည်ထောင်စုက အမေရိကန်ပိုင်၊ အမေရိကန်လုပ်ကိုင်သော အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်သည့်အတွက် ဂုဏ်ယူစရာ အမေရိကန်ကုမ္ပဏီအဖြစ် ဆက်လက်တည်ရှိနေလိမ့်မည်” လို့ သမ္မတက ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ ပစ်ဘာဂ့်အခြေစိုက် အမေရိကန်သံမဏိကော်ပိုရေးရှင်းက နိုင်ငံပိုင်ဖြစ်တဲ့အတွက် ထွက်ကုန်တွေက အမေရိကန်နိုင်ငံ လုံခြုံရေးအတွက်ပဲ ဦးစားပေးသင့်ကြောင်း၊ […]

သားဖြစ်သူကို စွဲဆိုထားသည့်အမှုကနေလွတ်ငြိမ်းချမ်းသာခွင့်ပေးလို့ ဝေဖန်ခံနေရတာ ဂျိုးဘိုင်ဒန်

အမေရိကန်သမ္မတ ဘိုင်ဒန်က ရာထူးမပြုတ်မီ ၂ လအလိုတွင် သားဖြစ်သူ ဟန်တာဘိုင်ဒန် အား လက်ရှိစွဲဆိုထားသည့် လက်နက်မှု၊ အခွန်ရှောင်မှု၊ မူးယစ်ဆေးဝါးမှုများမှ လွတ်ငြိမ်းချမ်းသာခွင့်ပြုမိန့် ထုတ်ပြန်ခဲ့ပါသည်။အမေရိကန်သမ္မတအဆက်ဆက် လုပ်ပိုင်ခွင့်အသုံးချ၍ မိသားစုကောင်းစားရေး ဆောင်ရွက်မှု ပထမဆုံးဖြစ်တယ်လို့ ပြည်သူအများစုက ဝေဖန်နေကြတယ်လို့လည်း သိရပါတယ်။ Source link