အမေရိကန်နိုင်ငံမှာ ကွယ်လွန်သူ သမ္မတဂျင်မီကာတာအတွက် ဇန်နဝါရီလ ၉ ရက်၊ ကြာသပတေးနေ့မှာ တနိုင်ငံလုံးဝမ်းနည်းပူဆွေးရတဲ့နေ့အဖြစ်သတ်မှတ်ပြီး နိုင်ငံတော် ဈာပနကျင်းပခဲ့ပါတယ်။ အစိုးရရုံး အများအပြားပိတ်ထားသလို ၃၉ ဆက်မြောက် အမေရိကန်သမ္မတရဲ့ နိုင်ငံတော် ဈာပနကျင်းပရာ ဝါရှင်တန် ဘုရားကျောင်းမှာ အမေရိကန်ထိပ်တန်း ပုဂ္ဂိုလ်တွေ လာရောက် စုဝေးဂုဏ်ပြုကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကွယ်လွန်သွားတဲ့ သမ္မတဟောင်း ကာတာဟာ အသက် ၁၀၀ ရှိပြီဖြစ်ပါတယ်။ သက်ရှိထင်ရှားရှိနေဆဲ သမ္မတဟောင်းတွေ ဖြစ်တဲ့ Bill Clinton, George W. Bush, Barack Obama၊ ဒေါ်နယ်ထရမ့်နဲ့ ဂျိုးဘိုင်ဒန်တို့ ၅ ဦး တက်ရောက်ခဲ့ကြတာ ဖြစ်ပြီး သမ္မတဘိုင်ဒန်က ကွယ်လွန်သူအတွက် အမှတ်တရ ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။ “ဂျင်မီကာတာနဲ့ မိတ်ဆွေဖြစ်ရတာအပြင် သူ့ဘဝလှုပ်ရှားမှုတွေကနေ […]
ကွယ်လွန်သူ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာရဲ့ ရုပ်ကလာပ်ကို နိုင်ငံတော်ဈာပန မတိုင်မီ ဝါရှင်တန်ဒီစီ မြို့တော်က အမေရိကန်လွှတ်တော် ခန်းမမှာ ထားရှိထားတာမှာ အေးခဲနေတဲ့ ရာသီဥတု အအေးဒဏ်ကို အန်တုပြီး ထောင်နဲ့ချီတဲ့ ပြည်သူတွေ လာရောက် ဂါရဝပြုကြပါတယ်။ ဒုတိယသမ္မတ ကာမာလာ ဟဲရစ်စ်နဲ့ တခြားသော ရွေးကောက်ခံ တာဝန်ရှိသူတွေလည်း လာရောက် ဂါရဝပြုသူတွေထဲမှာ ပါဝင်ပြီး ပြီးခဲ့တဲ့လက အသက် ၁၀၀ အရွယ်မှာ ကွယ်လွန်ခဲ့သူ သမ္မတဟောင်း ကာတာရဲ့ အောင်မြင်မှုတွေကို အလေးထား ပြောဆိုကြပါတယ်။ ဂျော့မေဆင် တက္ကသိုလ် ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ ကာတာဌာနက ပါမောက္ခ David Smith ကတော့ သမ္မတဟောင်းဟာ သူ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ လွှမ်းမိုးသက်ရောက်မှု ရှိတယ်လို့ ပြောပါတယ်။ လွှတ်တော်မှာလာပြီး သမ္မတဟောင်း […]