ylliX - Online Advertising Network

ရုရှားအပေါ် ကန် ဂျပန် ဒဏ်ခတ်မှု တိုး

ရုရှားရဲ့ စွမ်းအင်ကဏ္ဍမှာ ဝင်ငွေလျော့စေဖို့ရည်ရွယ်ပြီး ရုရှားရဲ့ အကြီးဆုံး ရေနံထုတ် ကုမ္ပဏီကြီး ၂ ခု ဖြစ်တဲ့ Gazprom Neft နဲ့ Surgutneftegas တို့ကို အမေရိကန် ဘဏ္ဍာရေးဌာနက အရေးယူဒဏ်ခတ်တာ ဖြစ်ပြီး နိုင်ငံခြားရေးဌာနနဲ့ သမ္မတအိမ်ဖြူတော်တို့ကလည်း အရေးယူမှုအတွက် ကြေညာချက် တပြိုင်တည်း ထုတ်ပြန်ခဲ့တာပါ။ အခု အရေးယူမှုကနေ ရုရှားစွမ်းအင်ကဏ္ဍမှာ ပါဝင် ပတ်သက်နေတဲ့ ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ် စုစုပေါင်း ၂၀၀ ကျော် အတွက် သက်ရောက်မှာ ဖြစ်ပါတယ်။ ဒီအထဲမှာ ရုရှားရေနံ အရောင်းအဝယ် လုပ်နေသူတွေ၊ ရုရှား အခြေစိုက် ရေနံတွင်း ဝန်ဆောင်မှုပေးနေသူတွေ နဲ့ ရုရှားစွမ်းအင်ဌာန အရာရှိတွေ ပါဝင်ပါတယ်။ ဒါ့အပြင် ရေနံတင် သင်္ဘော အစင်း ၁၈၀ […]

ကမ္ဘာ့အသက်အကြီးဆုံး ဂျပန်နိုင်ငံသူ ၁၁၆ နှစ်မှာ ကွယ်လွန်

ဂင်းနစ် Guinness စံချိန်တင် ကမ္ဘာ့အသက်အရှည်ဆုံး လူသားစာရင်းဝင် အသက် ၁၁၆ နှစ် ရှိပြီဖြစ်တဲ့ ဂျပန်နိုင်ငံသူ Tomiko Itooka ကွယ်လွန်သွားပါပြီ။ဂျပန်နိုင်ငံ အလယ်ပိုင်း Hyogo ဒေသ အရှီယာ မြို့က လူအိုရုံမှာကွယ်လွန်ခဲ့တာ ဖြစ်ကြောင်း မြို့တာဝန်ရှိသူတွေက စနေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ သူမဟာ ၁၉၀၈ ခုနှစ် မေလ ၂၃ ရက်မှာ မွေးဖွားခဲ့သူပါ။ ငှက်ပျောသီးနဲ့ ဂျပန်ဒိန်ချဉ်ဖျော်ရည် ကြိုက်တဲ့ သူမဟာ ဒီဇင်ဘာလ ၂၉ ရက်နေ့က ကွယ်လွန်ခဲ့တာ ဖြစ်ကြောင်း သက်ကြီးရွယ်အို မူဝါဒဆိုင်ရာ တာဝန်ခံ ယိုရှိစုဂု နာဂါတာ ကပြောပါတယ်။ မနှစ်က အသက် ၁၁၇ နှစ် အရွယ် Maria Branyas ကွယ်လွန်ခဲ့တဲ့ နောက် သူမဟာ […]