ylliX - Online Advertising Network

ဂွမြို့နယ်ကို AA သိမ်းပိုက် ထိန်းချုပ်လိုက်ပြီ – Western News

စစ်ကောင်စီတပ်နှင့် AA တို့ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားနေသည့် ရခိုင်ပြည်၊ ဂွမြို့နယ်အားလုံးကို ဒီဇင်ဘာ ၂၉ ရက်နေ့ နေ့လယ်ပိုင်းတွင် သိမ်းပိုက်ထိန်းချုပ် လိုက်ပြီ ဖြစ်ကြောင်း အာရက္ခတပ်တော် AA က ပြောဆိုလိုက်သည်။ ဂွမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို AA က အပြီးသတ် တိုက်ခိုက်ရှင်းလင်းပြီး ဖြစ်ပြီး ကစဉ့်ကလျားထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးကို လိုက်လံ ရှင်းလင်းနေကြောင်း ပြောခွင့်ရ ဦးခိုင်သုခ က ပြောသည်။ “ဂွမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်အခြေစိုက်စခန်းတွေအားလုံးကို ကျနော်တို့ အာရက္ခတပ်တော်က ချေမှုန်းတိုက်ခိုက်ရှင်းလင်းသိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်”ဟုပြောသည်။ လက်ရှိတွင် စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ရှိနေပြီး ဧရာဝတီတိုင်း၊ ကမ်းသာယာ ကမ်းခြေအနီး ရေပြင်ထက်မှ ရေကြောင်းပစ်ကူမှုများ ဆက်လက် ရှိနေကြာင်း ဦးခိုင်သုခက ဆက်လက်ပြောသည်။ ဓါတ်ပုံ AA […]

ဂွမြို့နယ် တိုင်ကျိုးမှာ AA နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်နေ – Western News

ရခိုင်ပြည် ဂွမြို့နှင့် ၁၅ မိုင်အကွာ တိုင်ကျိုးကျေးရွာအနီးတွင် ယနေ့ အောက်တိုဘာလ ၂၅ ရက်နံနက်ပိုင်းကစ၍ AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေကြကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ တိုင်ကျိုးကျေးရွာမှာ ကုလားပြင် (ရတနာမြိုင်) နှင့် ကမ်းသာယာကမ်းခြေကြားတွင်ရှိပြီး တိုက်ပွဲများကြောင့် ရွာသားများမှာ အလုအယက် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။ ” တိုင်ကျိုးဆိုတဲ့ ရွာအနီးမှာ အခု လောလောဆယ် တိုက်ပွဲဖြစ်နေပါတယ်။ ဒီနေ့ မနက်ပိုင်းက စပြီးဖြစ်နေကြတာပါ။ ရွာသားတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရတာပေါ့။ ဘယ်လိုတွေတောင် ဖြစ်နေပြီလဲ အသေးစိတ်မသိရပါဘူး။ အဲဒီနဲ့ ၇ မိုင်အကွာလောက်နေ လှမ်းပြီး သတင်းတွေ ကြားနေရပါတယ်။ တိုက်ပွဲက အရမ်းပြင်းထန်နေလို့ မိသားစုတွေကို အတင်းရွာက ထွက်ဖို့ လှမ်းခေါ်နေရပါတယ်။ အသံတွေက အရမ်းကျယ်တာ။ […]