သျှမ်းပြည် ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံးနဲ့ ပင်လောင်းမြို့နယ် အတွင်းမှာ သွားလာလှုပ်ရှားနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA တို့အကြား ဇန်နဝါရီ တတိယပတ်မှ စတင်ပြီး ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီးတဲ့နောက် PNO က ပြည်သူများထံ အခွန်ကောက်ယူသည့် ကိစ္စတွေ ပိုပြီးများပြားလာပါတယ်။ ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က စစ်အင်အား အလုံးအရင်းဖြင့် အင်အားပြပြီးနောက် ကားချောဆွဲမှု၊ ကားရှိသော အိမ်များကို အခွန်ကောက်ယူမှုများ မကြာခဏ ပြုလုပ်လာတာကြောင့် ပြည်သူတွေက အခက်အခဲများ ကြုံတွေ့နေရပါတယ်။ ပင်လောင်း၊ ဆီဆိုင်ဒေသအတွင်းမှာ တိုက်ပွဲတွေကြောင့် အချို့က စစ်ဘေးရှောင်နေရသူတွေ ရှိသလို၊ စိုက်ပျိုးရေးကို သေချာစွာ မလုပ်ရတဲ့အတွက် ဝင်ငွေထိခိုက်ခဲ့ရပြီး၊ ကုန်ဈေးနှုန်း […]