ကိုရင်မောင် ယနေ့နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော အခြေအနေကိုရှုမြင်လျှင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်များကြောင့် အချို့ဒေသများတွင် ဒေသခံပြည်သူများ လုံခြုံမှုနှင့်တည်ငြိမ်အေးချမ်းမှုကင်းမဲ့ကာ ဆင်းရဲဒုက္ခများစွာ ကြုံတွေ့နေသည်ကို တွေ့မြင်နိုင်ပါသည်။ ဒေသခံတိုင်းရင်းသား ပြည်သူများ ဆင်းရဲဒုက္ခမျိုးစုံကြုံတွေ့နေရသည့် အဖြစ်ဆိုးများသည် တစ်မြေတည်းဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမအချင်းချင်းဖြစ်၍ ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူအားလုံး၏ ဆင်းရဲဒုက္ခပင်ဖြစ်သည်။ မိသားစုအတွင်း ညီအစ်ကို မောင်နှမတစ်ဦးဦး ဆင်းရဲဒုက္ခရောက်သည့်အခါ အခြားညီအစ်ကို မောင်နှမများလည်း စိတ်ဆင်းရဲ၊ စိတ်မကောင်းဖြစ်ကြရသကဲ့သို့ သောကအပူမီးကူးစက်ခံရပါသည်။ စိတ်မကောင်းဖြစ်ရ ပြည်တွင်း၊ ပြည်ပ ပယောဂအမျိုးမျိုးတို့ကြောင့်လည်းကောင်း၊ ပြည်ပမှ အိမ်ကြက်ချင်း အိုးမည်းသုတ်သည့် ယုတ်မာပက်စက်သည့် အကြံအစည်များကြောင့်လည်းကောင်း နှစ်ဖက်စလုံးထိခိုက်ကြေပြုန်းနေရသည့် အဖြစ်များမှာ မိမိတို့ တိုင်းရင်းသားအချင်းချင်း ဖြစ်နေသည်ဆိုသည့် အချက်ကို သတိချပ်ဖို့လိုပါသည်။ လက်ရှိကာလအတွင်း၌ပင် အယူအဆ၊ ခံယူချက်လွဲမှားမှု၊ သွေးထိုးမြှောက်ပင့်ပေးမှုများကြောင့် မြန်မာနိုင်ငံသားအချင်းချင်း တိုက်ခိုက်သတ်ဖြတ် […]