“နဂါးနန်းတော်” စိန်ရွှေရတနာဆိုင်နှင့် “ဆင်ဖြူတော်” ငွေလွှဲလုပ်ငန်းတို့အား သေနတ်ပြခြိမ်းခြောက်၍ ကျပ်သိန်းပေါင်း ၁၀၀၀၀ ကျော်နှင့် ကားတစ်စီး လုယက်မှုကျူးလွန်သူ PDF ၂ ဦးပါ တရားခံ ၅ ဦး ဖမ်းမိ – Myanmar Transparency News Source link
နေပြည်တော်၊ ဒီဇင်ဘာ ၃၁ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက်၊ ၇၇ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ “နဂါး နန်းတော်”စိန်ရွှေရတနာဆိုင်၌ ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်ဥမ္မာအေး(၅၂)နှစ်ပါ ဆိုင်ဝန်ထမ်း ၆ ဦးတို့ ရှိနေစဉ် အမျိုးသားနှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဆိုင်ဝန်ထမ်းများအား သေနတ်ပြခြိမ်းခြောက်ကာ ဆိုင်ရှိ ရွှေထည်ပစ္စည်းမျိုးစုံ(ရွှေအလေးချိန် ၁ ပိဿာ ၉၁ ကျပ်သားခန့်၊ စုစုပေါင်း တန်ဖိုးငွေ ၁၀,၅၀၅ သိန်းကျပ် ခန့်)နှင့် ငွေစက္ကူရောရာကျပ်သိန်း ၃၀ ခန့်တို့အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားခံများအား ဖော်ထုတ် […]