စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်သောင်းချီအတွက် စားနပ်ရိက္ခာ၊ စောင် အနွေးထည်၊ ဆေးဝါးစတာတွေ အရေးပေါ်လိုအပ်နေကြတယ်လို့ စစ်ရှောင်တွေက ဗွီအိုအေကိုပြောပါတယ်။ တိုက်ပွဲတွေဖြစ်နေတဲ့ ကျွန်းလှ၊ ကန့်ဘလူ နယ်မှာလည်း စစ်ကောင်စီရဲ့ စစ်ကြောင်းကြောင့် စစ်ဘေးရှောင် နှစ်သောင်းလောက်အထိ ရှိလာနေပါတယ်။ ကလေး ဒေသဘက်မှာလည်း စစ်ဘေးရှောင်တချို့အတွက် ရာသီဥတုဒဏ်ခံနိုင်မယ့်အဝတ်အထည် စောင်စတာတွေ အရေးပေါ်လိုအပ်နေါတယ်။ စစ်ကိုင်းက စစ်ဘေးရှောင်တွေရဲ့ အခြေအနေ ရန်ကုန်ကသတင်းပေးပို့ထားပါတယ်။ စစ်ကိုင်းတိုင်း ကလေးတောင်ပိုင်း ဒေသမှာ အမြဲတမ်း စစ်ဘေးရှောင်နေကြရတဲ့ ဒေသခံတွေဟာ ဆောင်းရာသီအတွက် စောင်နဲ့ အဝတ်အထည် လိုနေတာတွေ ရှိသလို ဆေးဝါး လုံလောက်မှုလည်း မရှိကြဘူးလို့ စစ်ရှောင်တွေက ဗွီအိုအေကိုပြောပါတယ်။လက်ရှိမှာ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုကြောင့် စားသောက်ရေးအတွက် ခက်ခဲနေကြရတယ်လို့လည်း ကလေးတောင်ပိုင်း ရေရှင်ကျေးရွာက ကိုယ်တိုင်လည်း စစ်ဘေးရှောင်ဖြစ်သလို စစ်ရှောင်တွေကို ကူညီပေးနေသူလည်း ဖြစ်တဲ့ […]
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းရွာတဖက်ကမ်းဖြစ်ပြီး စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲက ရန်သူတပ်စခန်း ၃ ခုကို တော်လှန်ရေးတပ်တွေ သိမ်းနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဆိုပါစခန်းတွေဟာ စစ်ကောင်စီနှင့်အတူ လက်အောက်ခံတပ်တွေဖြစ်တဲ့ SNA တပ်များ၊ ပျူအမည်ခံများ တပ်စွဲရာဖြစ်ပြီး ရွှေတွင်းစခန်းနဲ့ “ရာလာတီး” စခန်းတို့ဖြစ်ကြပါတယ်။ နိုဝင်ဘာ ၁၈ ရက်နေ့က စတင်သိမ်းပိုက်တာဖြစ်ပြီး မနေ့က နိုဝင်ဘာ ၁၈ ရက် မနက် ၅ နာရီခန့်မှာ အပြီးသတ်သိမ်းနိုင်တာ ဖြစ်ပါတယ်။ စစ်ကိုင်းနှင့်ကချင် အစပ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံရှမ်းနီတပ်တွေကို အောက်တိုဘာ ၂၅ ရက်နေ့ကတည်းက KIA က ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့က ရှစ်မျက်နှာဘုရားကုန်းနဲ့ ပန်ချယ်စခန်းတို့ကို သိမ်းယူခဲ့ပြီးနောက် နောက်နှစ်ပတ်အကြာမှာခုလို နောက်ထပ်စခန်းနှစ်ခုကို အောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။ […]
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာတော့ စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၅ ဦးနှင့်အတူ စစ်ကောင်စီတပ်သား စုစုပေါင်း ၆ ဦးဟာ လက်နက်နဲ့တကွ တော်လှန်ရေးဘက်ကို ဝင်ရောက်လာခဲ့ကြပါတယ်။ အဆိုပါတပ်သားသစ်များမှာ အတင်းအဓမ္မစစ်သားစုဆောင်းခံရပြီး အပတ်စဉ် ၂ စစ်မှုထမ်းသင်တန်းဆင်း တပ်သား ဖြိုးမင်းအောင်၊ ကရင်လေး၊ တပ်သား ရဲမင်းမောင်၊ စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်းများဖြစ်ကြ သည့် တပ်သား သန်းတိုးအောင် ၊ တပ်သား ဖြူးဖွေးတို့ဖြစ်ကြပြီး စစ်ကောင်စီ၏ရေတပ်မှတဦးကတော့ တပ်သားဝေဖြိုးဆိုသူ ဖြစ်ပါတယ်။ MA1 အမျိုး အစား သေနတ် ၁ လက် ၊ ကျည်ဘောက် ၃ ဘောက် ၊ ကပစ ထုတ် ၅.၅၆ ကျည် ၁၆၁ တောင့် […]
စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခုနှစ်မိုးစပါး ဧက (၁၈)သိန်းကျော်စိုက်ပျိုးထားရာ လတ်တလော ဧက (၁၄၀၀၀) ကျော်ရိတ်သိမ်းထားပြီးဖြစ်ကြောင်း စစ်ကိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး (၁၄)ခရိုင်တွင် ယခုနှစ် မိုးစပါး (၁၈ ၀၈၂၅၇) ဧက လျာထားစိုက်ပျိုးခဲ့ပြီး ယခုအခါ (၁၄၇၇၅) ဧ က ရိတ်သိမ်းပြီးစီးကြောင်း သိရသည်။ “မှော်ဘီ-၂၊ ဆင်းဧကရီ-၃၊ ဧရာမင်း၊ ဆင်းသုခ၊ မနောသုခ၊ ရွှေဘိုပေါ်ဆန်း၊ တောင်ယာစပါး၊ ရက်(၉၀)၊ ကောက်ညှင်း၊ GW-11၊ ရွှေသွယ်ရင်၊ လုံးသွယ်မွှေး၊ ရွှေရင်အေး၊ YSR-1 မျိုးတွေစိုက်ကြတာပါ။အထွက်နှုန်းကောင်းမွန်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးတို့အတွက် စံကွက်များ၊ စမ်းသပ်ကွက်များကို စိုက်ပျိုးထားရှိပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။ တောင်သူ လယ်သမားများ မိုးစပါးစိုက်ပျိုးရာသီတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သောစိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ၊ […]
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှ လူငယ် ၂၀၀ ကျော် အဖမ်းခံလိုက်ရပြီး ထိုသူများမှာ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်ခံရဖွယ်ရှိသည်ဟု ဒေသခံတို့က ယူဆနေကြသည်။ မန္တလေးတိုင်းအတွင်း စုစုပေါင်း ၁၄၇ ဦးထက်မနည်း အဖမ်းခံရပြီး မန္တလေးမြို့ပေါ်တွင် မဟာအောင်မြေမြို့နယ်အပါအဝင် မြို့နယ်အသီးသီးမှ ၃၇ဦး၊ ကျောက်ဆည်မြို့နယ်မှ ၁၀ဦး၊ တံတားဦးမြို့နယ်မှ ၃၀ ကျော်တို့ ပါဝင်သည်ဟု ဒေသတွင်း စစ်သားသစ်စုဆောင်းမှု ဖြစ်ရပ်များကို စုံစမ်းဖော်ပြနေသည့် Voice Of Mandalay (Vomdy) မြေပြင်ကင်းထောက်အဖွဲ့က Myanmar Now ကို ပြောသည်။ ယခုလအတွင်း စတင်မည့် စစ်မှုထမ်းအမှတ်စဉ် ၇ အတွက် သင်တန်းသားကြိုတင် စုဆောင်းခြင်းဟု ယူဆနိုင်ကြောင်း Vomdy အဖွဲ့ဝင် အမျိုးသမီးက ပြောသည်။ “မနေ့က(နိုဝင်ဘာ၁၀ရက်) တစ်ရက်တည်းမှာတင် […]