ylliX - Online Advertising Network

ကုန်အမှတ်တံဆိပ် စစ်ဆေးရေးအရာရှိများ စွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို (၄)ရက်ကြာ ကျင်းပသွားမည်

ကုန်အမှတ်တံဆိပ် စစ်ဆေးရေး အရာရှိများအတွက် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာသံရုံးနှင့် အာဆီယံ-ဂျပန်စင်တာတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် (၄)ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ယနေ့ ဇန်နဝါရီ (၂၁) ရက်၊ နံနက်ပိုင်းက ကျင်းပခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးစိုးဟန်က အွန်လိုင်းမှ တဆင့် ပါဝင်တက်ရောက်၍ အမှာစကားပြောကြားခဲ့ကြောင်းလည်း သိရသည်။ ကုန်အမှတ်တံဆိပ် စစ်ဆေးရေးအရာရှိများ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ၊ စုစုပေါင်း (၇၀)ဦး တက်ရောက်ခဲ့ကြပြီး (၄) ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်းအခမ်းအနားတွင် […]