ylliX - Online Advertising Network

ပင်လောင်းမြို့နယ် ကျေးရွာအတွင်း စစ်ကောင်စီတပ်စွဲထားမှုကြောင့် စစ်ဘေးရှောင်များ နေရပ်မပြန်ရဲသေး

သျှမ်းပြည် ပင်လောင်းမြို့နယ် ကျေးရွာအတွင်း စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ တပ်စွဲထားမှုကြောင့် စစ်ဘေးရှောင်များနေရပ်မပြန်ရဲသေးကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် အောက်တိုဘာလတွင် ပင်လောင်းမြို့နယ် အတွင်း စစ်ကောင်စီ၊ PNO နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် တစ်ထောင်ကျော်သည် ညောင်ရွှေမြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ရသည်။ ထို့ကြောင့် လက်ရှိ စစ်ဘေးရှောင်များ၏ နေရပ်ဖြစ်သည့် ပင်လောင်းမြို့နယ် ဗန်းမောက်၊ ကုန်းပေါကျေးရွာတို့တွင် တိုက်ပွဲများငြိမ်းသက်နေပါသော် လည်း စစ်ကောင်စီ နှင့် ပအိုဝ်းပြည်သူ့စစ် PNOတို့သည် ကျေးရွာအတွင်း၌ နေရာယူထားသည့် အတွက်ကြောင့် ဒေသခံများ နေရပ်မပြန်ရဲ့သေးကြောင်း စစ်‌ဘေးရှောင်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျနော်တို့ကတော့ အိမ်မပြန်ရဲသေးဘူး။ စစ်ကောင်စီတွေက ရွာထဲမှာရှိနေတာ။အဝတ်တွေ တောင်ပြန် ယူလို့မရဘူး။ အခုပြေးလာတဲ့လူတွေ က […]

ညောင်ရွှေမြို့နယ်ရောက် စစ်ဘေးရှောင်များ ချေးငှားပြီး ဝမ်းရေးဖြေရှင်းနေရ – သျှမ်းသံတော်ဆင့်

သျှမ်းပြည် ညောင်ရွှေမြို့နယ်တွင် ရောက်ရှိနေသော စစ်ဘေးရှောင်များသည် အလုပ်အကိုင်မရှိခြင်း၊ အလှူရှင်များမရှိသည့်အတွက် ဝမ်းရေးကို ချေးငှားပြီး ဝမ်းရေးဖြေရှင်းနေကြကြောင်းစုံစမ်းသိရသည်။  ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့ စစ် PNO နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲများ ကြောင့် ညောင်ရွှေမြို့သို့ စစ်ရှောင် တစ်ထောင်ဝန်းကျင်သည် ပြီးခဲ့သည့် အောက်တိုဘာလတွင် ထွက်ပြေး တိမ်းရှောင်လာကြရ ကြောင်းသို့ရသည်။  ညောင်ရွှေမြို့နယ် စမ်းရေကြည်၊ ဟဲဆတ်၊ နားမွန် ရွာတို့တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် တစ်ထောင်ဝန်ကျင် သည် အလုပ်ကိုင်ရှားပါးခြင်းများကို ကြုံတွေ့နေပြီး အလှူရှင်မရှိသည့် အတွက်ကြောင့် စားနပ်ရိက္ခာများကို ချေးငှား၍ စားသုံးနေရကြောင်း စစ်‌ဘေးရှောင်အမျိုးသားတစ်ဦးက သျှမ်းသံတောင်ဆင့်ကို ပြောသည်။  “အလုပ်ကလည်းမရှိဘူး။ အရမ်းပါးတယ်။အလုပ်က  မရှိတာပဲများပါတယ်။ တကယ်ကို အရမ်း အကူညီလိုအပ်နေပါတယ်။ မြို့နဲ့အလှမ်းဝေးတော့ ခက်တယ်။အကုန်လုံးက တနေ့လုပ်တနေ့စားတွေ ကြီးပဲလေ။ သွားဖို့လာဖို့ ခက်တော့ လာလှူတဲ့လူလည်းမရှိဘူး။အခုကတော့ ရွာကလူကို ချေးငှား စားပြီး […]

မကွေးတိုင်းတွင် စစ်ရေး အရှိန်မြင့်၊ စစ်ဘေးရှောင်များ တိုးလာ

 မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် ပုသိမ် – မုံရွာလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှတိုက်ခိုက်မှုတို့ကြောင့် ဒေသခံ နှစ်ထောင် နီးပါး တိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု သိရသည်။ ပွင့်ဖြူမြို့အနောက်ဘက်ခြမ်း ၁၈ မိုင်ခန့်အကွာ ပုသိမ် – မုံရွာလမ်း မဲဇလီစခန်းတွင် နေရာယူထားသည့် စစ်ကောင်စီတပ်သားများသည် နိုဝင်ဘာ ၉ ရက်ကတည်းက မြို့အနီးဝန်းကျင် ကျေးရွာများဖြစ်သော ကျွဲခြံနှင့် လယ်မကျေးရွာတို့ကို လက်နက်ကြီးပစ်ခတ်ခြင်း ဒရုန်းဖြင့်ဗုံးသီးချခြင်းတို့ ပြုလုပ်နေသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၂)  နေ့လယ်က မြေပြင်တိုက်ပွဲမရှိဘဲ ကျွဲခြံနှင့်လယ်မရွာ ဝန်းကျင်သို့ လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။  အဆိုပါတိုက်ခိုက်မှုများကြောင့် ကျေးရွာ ၂ ရွာမှ ဒေသခံတို့မှာ နေရပ် မပြန်ရဲသေးဘဲ ဘေးလွတ်ရာများ တွင် […]