ylliX - Online Advertising Network

မြို့သိမ်းစစ်ဆင်နေတဲ့ ချင်းညီနောင်ရဲ့ ၂၀၂၅ စစ်ရေး အလားအလာ “မေးမြန်းခန်း”

ချင်းပြည်တခုပဲ လွတ်မြောက်ပြီး အနီးပတ်ဝန်းကျင် မပါရင် လွတ်မြောက်ခြင်းက ရေရှည်မခံဘူးလို့ မြို့သိမ်းစစ်ဆင်နေတဲ့ ချင်းညီနောင်အဖွဲ့၊ စစ်ရေးကော်မတီဥက္ကဋ္ဌ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။ မဟာမိတ်ဒေသတွေ လွတ်မြောက်ရေး ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ ကိုငြိမ်းချမ်းအေးက ဆက်သွယ်မေးမြန်းထားပါတယ်။ Source link

နှစ်သစ်ကူးပွဲ ခြိမ့်ခြိမ့်သဲ ကျင်းပရေး စစ်ရှုံး စစ်ကောင်စီ ပြင်ဆင်

နိုင်ငံတဝှမ်း အရှုံးဖြင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီက နှစ်သစ်ကူးပွဲတော် ခြိမ့်ခြိမ့်သဲ စည်ကား သိုက်မြိုက်စွာ ကျင်းပရေး ပြည်နယ်နှင့်တိုင်း အလိုက် စီစဉ်ရန် ညွှန်ကြားထားကြောင်း သတင်းရင်းမြစ်က ယနေ့ (ဒီဇင်ဘာလ ၁၉ ရက်) တွင် ပြောသည်။ လက်ရှိ ရခိုင်ပြည်နယ်တွင် အရှုံးကြီး ရှုံးနေပြီး တိုင်းစစ်ဌာနချုပ် (အမ်း) ကျဆုံးရန် နီးကပ်နေစဥ် နေပြည်တော်နှင့် ရန်ကုန် အပါအဝင် နိုင်ငံတဝှမ်း စစ်ကောင်စီ ထိမ်းချုပ်ထားဆဲ မြို့ကြီးများတွင် နှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဉ် ဆောင်ရွက်ရန် ညွှန်ကြားထားသည်ဟု ၎င်းက ဆိုသည်။ “နေပြည်တော်၊ ရန်ကုန်၊ တောင်ကြီး အဲလို မြို့ကြီးတွေမှာ ဒီဇင်ဘာလ ၂၉ ရက်နေ့ကနေ ၃၁ ရက် နှစ်သစ်ကူးည အထိ […]

ပထဝီ စစ်ရေး နိုင်ငံရေးနဲ့ အိမ်နီးချင်းတွေ ပြည်ပဩဇာတွေ

မိုးမခ၊ ဒီဇင်ဘာ ၁၀၊  ၂၀၂၄ ပထဝီ စစ်ရေး နိုင်ငံရေးနဲ့ အိမ်နီးချင်းတွေ ပြည်ပဩဇာတွေ စိတ်ဝင်စားစရာ သတင်းတခုကတော့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ (ကိုးကန့်၊ တအောင်း၊ အေအေ) တို့ကို တရုတ်အစိုးရက ဖိအားပေးနေချိန်မှာ ကချင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (KIO/KIA) ၏ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လကို ဘေကျင်းမြို့တော်အထိ တရုတ်က ဖိတ်ခေါ်ဆွေးနွေးတယ် ဆိုတဲ့သတင်း ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ တိုက်ပွဲများ ပြင်းထန်နေချိန်တွင် တရုတ် ဗဟိုအစိုးရက ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို ဘေကျင်းမြို့ကို ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၈ ရက်နေ့မှာ KIO ဥက္ကဋ္ဌ တရုတ်နိုင်ငံကို သွားရောက်ခဲ့တာနဲ့ ပတ်သက်ပြီး ကချင် စစ်ရေးသတင်းရင်းမြစ်က အတည်ပြုပြောဆိုထားပါတယ်။ […]

မကွေးတိုင်းတွင် စစ်ရေး အရှိန်မြင့်၊ စစ်ဘေးရှောင်များ တိုးလာ

 မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် ပုသိမ် – မုံရွာလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှတိုက်ခိုက်မှုတို့ကြောင့် ဒေသခံ နှစ်ထောင် နီးပါး တိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု သိရသည်။ ပွင့်ဖြူမြို့အနောက်ဘက်ခြမ်း ၁၈ မိုင်ခန့်အကွာ ပုသိမ် – မုံရွာလမ်း မဲဇလီစခန်းတွင် နေရာယူထားသည့် စစ်ကောင်စီတပ်သားများသည် နိုဝင်ဘာ ၉ ရက်ကတည်းက မြို့အနီးဝန်းကျင် ကျေးရွာများဖြစ်သော ကျွဲခြံနှင့် လယ်မကျေးရွာတို့ကို လက်နက်ကြီးပစ်ခတ်ခြင်း ဒရုန်းဖြင့်ဗုံးသီးချခြင်းတို့ ပြုလုပ်နေသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၂)  နေ့လယ်က မြေပြင်တိုက်ပွဲမရှိဘဲ ကျွဲခြံနှင့်လယ်မရွာ ဝန်းကျင်သို့ လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။  အဆိုပါတိုက်ခိုက်မှုများကြောင့် ကျေးရွာ ၂ ရွာမှ ဒေသခံတို့မှာ နေရပ် မပြန်ရဲသေးဘဲ ဘေးလွတ်ရာများ တွင် […]

လေကြောင်းကနေ ဗုံးကြဲမှုတွေထဲက ဆိုးရွားတဲ့ နောက်ဖြစ်ရပ်တခု၊ စစ်ရေး အရှိန်ထပ်မြင့်လာမယ့် ရှမ်းမြောက်

(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၂၄⁨⁨⁨⁨⁨⁨ လေကြောင်းကနေ ဗုံးကြဲမှုတွေထဲက ဆိုးရွားတဲ့ နောက်ဖြစ်ရပ်တခု၊ စစ်ရေး အရှိန်ထပ်မြင့်လာမယ့် ရှမ်းမြောက် လေကြောင်းကနေ ပစ်ခတ်တာ၊ ဗုံးကြဲတာတွေက မြေပြင်စိုးမိုးမှုမှာ သိသိသာသာ အားနည်းသွားတဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးဗျူဟာတရပ် ဖြစ်လာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်ခင်ကာလတွေတုန်းက လေကြောင်းတိုက်ခိုက်မှုက ရှားပါးတဲ့ ဖြစ်စဥ်အနေနဲ့ သိရှိထားကြပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအနက် အချို့သော တိုက်ပွဲတွေမှာသာ အသုံးပြုလေ့ရှိတာ တွေ့ရပါတယ်။ ထိုကာလတွေမှာ စစ်တပ်အနေနဲ့ ပိတ်မိနေတဲ့အခါမျိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အခြေစိုက်စခန်းတို့လိုမျိုးကို လက်တုံ့ပြန်တိုက်ခိုက်ပြီး မြေပြင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွက် အထောက်အကူအနေနဲ့ လေကြောင်းက တိုက်ခိုက်တာမျိုး ဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လေကြောင်းတိုက်ခိုက်မှုတွေက တဖြည်းဖြည်း […]

တိုက်ပွဲ ပြင်းထန်နေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်၊ စစ်ကောင်စီရဲ့ စစ်ရေး မဟာဗျူဟာ

⁨⁨⁨⁨⁨ (မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၂၄⁨⁨⁨⁨⁨⁨ တိုက်ပွဲ ပြင်းထန်နေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်၊ စစ်ကောင်စီရဲ့ စစ်ရေး မဟာဗျူဟာ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အချို့သော နိုင်ငံရေး စစ်ရေး အကဲခတ် သုံးသပ်သူတွေက ပွင့်လင်းရာသီလို့ ဆိုတဲ့ အခုလို နိုဝင်ဘာလကနေ မိုးရာသီစတင်ဝင်ရောက်တဲ့ မေလ အကုန်ကာလအတွင်း ပိုမိုအရှိန်မြင့်လာနိုင်တယ်လို့ ယေဘုယျအားဖြင့် ခန့်မှန်းပြောဆို လေ့ရှိတာတွေ့ရပါတယ်။ မိုးရာသီကုန်တဲ့အခါ တောတောင်တွေထဲက မြေသားလမ်းတွေ ခြောက်သွေ့သွားချိန် ကားလမ်း၊ ယာယီလမ်းတွေအသုံးပြုနိုင်ပြီဖြစ်လို့ လက်နက်၊ ရိက္ခာတွေ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် သယ်ယူနိုင်တဲ့အချက်ကြောင့် ထိုးစစ်ဆင်တာတွေ၊ ထိုးစစ်ကိုခုခံတိုက်ခိုက်တဲ့ တိုက်ပွဲတွေ ပိုမိုများပြားလာမယ့် သဘောမျိုး ဆိုလိုကြတာ ဖြစ်ပါတယ်။ အရင့်အရင် ဆယ်စုနှစ် ၂ ခု […]

စစ်အာဏာရှင်များ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး မျက်နှာစာ အားလုံးမှာ အရှုံးဘက်က ရင်ဆိုင်နေရပြီ

RNA_နိုဝင်ဘာ(၁)၊၂၀၂၄ ခုနှစ်။ အာဏာကိုမတရားနည်းဖြင့် ရယူထားသော စစ်အာဏာရှင်များ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး မျက်နှာစာ အားလုံးမှာ အရှုံးဘက်က ရင်ဆိုင်နေရပြီဟု ABSDF ဥက္ကဌ ရဲဘော်သံခဲက ပြောကြားသည်။ ဖက်ဒရယ်စနစ်ကို ပုံဖော်မည့် ပြည်ထောင်စုသစ်တခု တည် ဆောက်ရေးဆိုသည့် နိုင်ငံရေးရည်မှန်းချက်ကို ရောက်ရန် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အင်အားစုများအကြား ဘုံသဘောထားများ ချမှတ်ပြီး လက်တွေ့ အတူတကွ လက်တွဲတိုက်ပွဲဝင်နိုင်ဖို့ ကြိုးစား သွားကြရမည် စသဖြင့် ယနေ့ (နိုဝင်ဘာလ ၁ ရက်နေ့) တွင်ကျရောက်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး – မကဒတ (ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်ပြည့် အထိမ်းအမှတ် ရဲဘော်ထုသို့ ပေးပို့သည့် ရဒဘော်သံခဲ၏ သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။ “စစ်အာဏာသိမ်းတာကို ဆန့်ကျင်တော်လှန်မှုက […]