တနင်္သာရီတိုင်း၊ လောင်းလုံကျွန်းအတွင်းရှိ ကျေးရွာပေါင်း(၁၀)ရွာရှိ ဒေသခံစစ်ရှောင်(၅,၀၀၀)ကျော်မှာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားသောက်ရေးအတွက် အခက်အခဲများဖြစ်ပေါ်ကာ အကူအညီများလိုအပ်နေကြောင်း အဆိုပါ ဒေသအတွင်း စစ်ဘေးရှောင်အထောက်အကူပြုရေးအဖွဲ့ထံက သိရသည်။ ထို ဒေသခံစစ်ရှောင်များမှာ ပြီးခဲ့သည့် ဒီဇင်ဘာနောက်ဆုံးအပတ်အတွင်းက စတင် ရှောင်တိမ်းနေကြရပြီး၊ ရာသီဥတုဒဏ်ကြောင့်အသက်ရွယ် ကြီးရင့်သူများအပါအဝင် ကလေ-းငယ်များပါ ရာသီပေါ် ရောဂါအမျိုးမျိုးကို ခံစားနေကြရသည်ဟု ဆိုသည်။ “ပြီးခဲ့တဲ့ ဒီဇင်ဘာ နောက်ဆုံးအပတ်ကတည်းက ဖြစ်နေတဲ့ တိုက်ပွဲကြောင့် လောင်းလုံးကျွန်းဆွယ်က ဒေသခံပြည်သူတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတာ။ အခုဆောင်းတွင်းကြီးဆိုတော့ ရာသီဥတုဒဏ်ကြောင့် ဖြစ်တဲ့ရောဂါတွေခံစားရတာပေါ့။ စားသောက်ရေးကလည်း ရက်ကြာလာတော့အခက်အခဲတွေကြုံနေရတယ်”ဟု စစ်ရှောင်အရေးဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောသည်။ ယနေ့အချိန်အထိ တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီမြို့နယ်၊ လောင်းလုံးမြို့နယ်၊ ပုလောမြို့နယ်နှင့် ထားဝယ်မြို့နယ်တ်ု့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ရက် ဆက် ပြင်းထန်နေကြောင်း သိရသည်။ […]
သျှမ်းပြည် နောင်ချိုမြို့နယ် အင်းဝိုင်းကျေးရွာရှိ ဆင်းရွှေလီသကြားစက်ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲခဲ့ခြင်းကြောင့် စစ်ဘေးရှောင် (၁၀၀၀) နီးပါး ဘေးလွတ်ရာ ထပ်မံထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၈ ရက်) ည ၇ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်အတွင်း အင်းဝိုင်းကျေးရွာရှိ အမှတ်(၁) ဆင်းရွှေလီ သကြားစက်ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စက်ရုံ အဆောက်အဦ ထိခိုက်ပျက်စီးပြီး ကျေးရွာရှိ စစ်ရှောင် (၁၀၀၀) နီးပါး ဘေးလွတ်ရာသို့ ထပ်မံထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။ “မနေ့ည ၇ နာရီလောက်က လေယာဉ်နဲ့ အင်းဝိုင်းသကြားစက်ကို ဗုံး ၂ လုံး ကြဲသွားတယ်၊ ကျနော်တို့ မအိပ်သေးဘူး အဲ့ချိန် […]
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ အသက် ၅၆နှစ်အရွယ်ရှိ စစ်ရှောင်အမျိုးသမီးတစ်ဉီး မုဒိမ်းကျင့်ခံရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၆ရက်တွင် အသက် ၅၆နှစ်အရွယ် စစ်ရှောင်အမျိုးသမီးနှင့် ၎င်း၏မြေးသည် ပြောင်းခြံထဲရှိနေစဥ် အသက် ၂၀အရွယ်ရှိ လူငယ်တစ်ဉီးက လာရောက်မုဒိမ်းကျင့်သွားကြောင်း အဆိုပါ ဖြစ်စဉ်ကို သိရှိသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူ့ကို အသက် ၅၆နှစ်အရွယ်အမျိုးသမီးကို အသက် ၂၀ လူငယ်က ဓားထောက်ပြီး မုဒိမ်းကျင့်သွားတာ။ စစ်သားလား ၊ PDFလားတော့မသိဘူး။ ဗမာစကားပြောတယ်။ မအော်နဲ့ အော်ရင်သတ်မယ်ဆိုပြီး ခြိမ်းခြောက်သေးတယ်” ဟု ဖြစ်စဥ်ကို သိရှိသည့် အမျိုးသမီးက ပြန်ပြောပြသည်။ လက်ရှိ အသက်၅၆နှစ်အရွယ် အမျိုးသမီးနှင့် ၎င်း၏မြေးကို စစ်ရှောင်ဘုန်းကြီးကျောင်းတွင် ပြောင်းရွှေ့ထားကြောင်း၊ ကျူးလွန်သည့် လူငယ်သည်လက်ရှိအချိန်ထိ လွှတ်မြောက်နေသေးကြောင်း သိရသည်။ ထိုမုဒိမ်းကျူးလွန်ခံရသည့်အမျိုးသမီးသည် […]