ကရင်နီပြည် စစ်ရှောင်များ နေထိုင်နေသည့် စစ်ရှောင်စခန်းကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင်း စစ်ရှောင်ဒဏ်ရာရရှိသူ ရှိသည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၁ ရက်)နေ့ ညနေပိုင်းအချိန်တွင် ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ ကျေးရွာကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ထပ်မံပြုလုပ်နေကြောင်း စစ်ရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မနေ့ကလည်း လာကြဲသွားတယ်။ နေ့တိုင်းဆက်တိုက် လေယာဉ်နဲ့ လာကြဲတာ တချို့နေရာက ဖုန်းလိုင်းမရတော့ ဆက်သွယ်လို့ မရတဲ့နေရာလည်း ရှိတယ်။ စစ်ရှောင်စခန်းကို သူတို့ ဦးတည်ပြီး လာကြဲတယ်လို့ ပြောလို့ရတယ်။ ဒဏ်ရာရတဲ့သူလည်း ရှိတယ်”ဟု ၎င်းက ပြောသည်။ ဒီးမော့ဆို စစ်ရှောင်စခန်း ဗုံးကြဲခံရ ထို့အပြင် ပြီးခဲ့သည့် (ဒီဇင်ဘာလ ၃၁ ရက်) နှစ်သစ်ကူးညတွင် […]
သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ ဘန်ကောက်စစ်ရှောင် စခန်းကို စစ်ကောင်စီမှ ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များထံ စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၁၈ ရက်) နံနက် ၁၁ နာရီ အချိန်တွင် စစ်ကောင်စီမှ ဘန်ကောက်စစ်ရှောင် စခန်းကို လေကြောင်းဖြင့် (၆ ) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု စစ်ရှောင် ကူညီနေသူ တစ်ဦးထံမှ သိရသည်။ “ လအိရွာနားဘက်က ဘန်ကောက်စစ်ရှောင်စခန်းကို ကြဲသွားတာ။ လေယာဉ်နဲ့ ၆ ကြိမ်လာပစ်တယ်။ အရင်က ဗုံးကြဲခဲ့တဲ့ စစ်ရှောင်စခ န်းပဲ။ သူတို့က စစ်ရှောင်တွေကို အဓိက တိုက်ခိုက်နေတာ။ သတိနဲ့ နေကြရင်တော့ အကောင်းဆုံးပေါ့။” ဟု စစ်ရှောင်ကူညီနေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ လေကြောင်း […]