စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ပြည်တွင်းအဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေအပြင် နိုင်ငံတကာအစိုးရတွေနဲ့လည်း လက်တွဲဆောင်ရွက်သွားမယ်လို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၇ ကြိမ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့မှာ KNF သဘောထား ထုတ်ပြန်ပါတယ်။ “ကျွန်တော်တို့ကပိုပြီးတော့ ဖက်ဒရယ်တိုင်းပြည် ဖြစ်လာဖို့အတွက် အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ဖို့ဘဲ စဉ်းစားထားတာပေါ့ အဲထဲမှာမှအတူလက်တွဲလို့ရတဲ့သူတွေနဲ့ အတူလုပ်ဆောင်သွားမှာပါ” လို့ Kachin National Forum-KNF တာဝန်ရှိသူက ပြောပါတယ်။ ၁၉၄၈ ခုနစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း ကချင်တိုင်းရင်းသားလူမျိုးတွေအနေနဲ့ စီးပွားရေး၊ ပညာရေးနဲ့ နိုင်ငံရေး အခွင့် အလမ်းတွေကို တန်းတူ မရရှိတဲ့အပြင် ဖိနှိပ်သတ်ဖြတ်မှု အမျိုးမျိုးကိုလည်း ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းကနေ ယနေ့ အချိန်ထိ တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးတွေအနေနဲ့လည်း လူအခွင့်အရေး ချိုးဖောက်သတ်ဖြတ်ခံရမှုတွေအပြင် စစ်ကောင်စီတပ်သားတွေရဲ့ အဓ္မမပြုကျင့် စော်ကားခံရမှုတွေကိုလည်း အမျိုးမျိုးကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ လွတ်လပ်ရေးအတွက် အားလုံးပြန်လည်ကြိုးစားရမှာဖြစ်တယ်လို့ ကချင်အမျိုးသမီးအဖွဲ့ ထိုင်းနိုင်ငံ KWAT ပြောရေးဆိုခွင့်ရှိသူ ဆရာမ ဆန်ထွယ်က အခုလို ပြောပါတယ်။ “ဖက်ဒရယ်စနစ်ထဲမှာတောင် အမျိုးသမီးတွေရဲ့ […]